Tuesday, February 7, 2017

အင်းတော်မြို့နယ် တံခွန်တိုင်ရွာဘုန်းကြီးကျောင်း cctv တပ်ပြီ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တံခွန်တိုင်ရွာ/ကျောင်း

ဒီနေ့ cctv ၁၆ လုံးထိုင်စက်နဲ့ ကင်မရာ ၉ လုံး တပ်ဆင်ပီးသွားပါပီ။
ကြွားဝါခြင်းမဟုတ်ပါ။ cctv တပ်ဆင်ထားတာကို မသိသေးဘဲ မဆင်မခြင် သွားလာနေထိုင်တတ်တဲ့ ညီငယ်ညီမငယ်များအတွက် ရည်ရွယ်ပီး အသိပေးထားခြင်းဖြစ်ပါတယ်။

ဒီ cctv စက်ကိုတော့ အင်တာနက်နဲ့ ချိတ်ဆက်ပီး အသုံးပြုပါမယ်။
ခု ကုန်ကျစရိတ်မှာ ၈၀၀၀၀၀( ရှစ်သိန်း)ခန့် ကုန်ကျသွားပါတယ်။

ရှိတဲ့ နဝကမ္မငွေများလဲ ကုန်သွားပါပီ။ အကြွေးတင်နေမှာမို့
ကင်မရာ ၉ လုံးသာ တပ်ဆင်ထားရပါသေးတယ်။

ကင်မရာ ၁၆ လုံး တပ်ဆင်ပီးပါက နည်းခန့်ထင်ရင် ပြန်ပီး တိုးချဲ့တပ်ဆင်ပါဦးမယ်။

တစ်ဆက်တည်းဘဲ အသိပေးပါရစေ။ လေ့လာရေး ရောက်ရှိလာကြတဲ့ ဒကာဒကာများ ကျွန်းသစ်တစ်လုံးထွင်း လှေပေါ်သို့ တက်ခွင့် မပြုပါ။ နောက်ဆိုရင် ဆိုင်းဘုတ်ကိုလဲ တင်ထားမှာ ဖြစ်ပါတယ်။

7-2-2017

No comments:

Post a Comment