Monday, April 15, 2019

တရားမမှုဆိုတာ


ပြစ်​မှုဆို လူတိုင်း သိကြပြီး။ တရားမမှုဆို ဘာလဲ  ဘာလဲ ​မေးကြတယ်​။ စာအုပ်​အထူကြီး​တွေကို ဖတ်​ပြီး စစ်​​ဆေးရတဲ့ အမှုလား။ တရားမမှုက ပြစ်​မှုလို ​ထောင်​ကျ တက်​လား။ ကိုယ်​တကယ်​ အပြစ်​လုပ်​ထားရင်​ ပြစ်​မှုမှာ အပြစ်​လုပ်​တဲ့သူကိုပဲ အပြစ်​​ပေးလိုက်​တယ်၊ တရားမမှုမှာ​တော့ ​ကိုယ်​အပါဝင်​ ကိုယ့်​မိသားစုပါ ဘဝအ​ခြေအ​နေ ပျတ်​သွားသည်​ထိ ကြုံ​တွေရနိုင်​ပာတယ်​။ တရားမမှုရှုံးသွားရင်​ တရားနိုင်​ဘက်​ ဇာရီမှုဖွင့်​ပြီး တရားရှုံးရဲ့ ပိုင်​ဆိုင်​မှုကို ဝရမ်းကပ်​တာ၊ ​လေလံပြစ်​တာ၊ အပ်​ဝရမ်းကပ်​ပြီး ပိုင်​ဆိုင်​မှုလွှဲ​ပြောင်းယူခံရသည်​အထိ ဖြစ်​လာနိုင်​သည့်​အပြင်​ တရားမ​ထောင်​လဲ ချခံရနိုင်​ပါတယ်​။ လူမှု​ရေးအရှုပ်​အရှင်း​တွေက လူ​တွေကြားထဲက ဖြစ်​​ပေါ်လာပြီး ဘယ်​လို​ဖြေရှင်းရမလဲ မသိသည့်​အခါ တရားရုံးသို့ ​ရောက်​လာပြီး အမှု​တွေဖြစ်​​ပေါ်လာကြတယ်​။

အဲဒါက
တရားမမှုပါပဲ
                   တရားမမှုဆိုသည်မှာ ငွေမှု (သို့ မဟုတ်) ပုဂ္ဂလိကနစ်နာမှုကို ဆိုလိုပါသည်၊ တရားမသဘော သက်ဝင်သော ကတိပျက်ကွက်မှု၊ ​ကြွေးမြီမှု၊ ပစ္စည်းရလိုမှု၊ ​လျော်ကြေးရလိုမှု၊ ကတိအတိုင်း ဆောင်ရွက်စေသည့် အမိန့် ရလိုမှုစသည်တို့ ဖြစ်သည်၊

တရားမကြောင်းအရတရားစွဲဆိုနိင်သည့်အမှုများ
       
(၁)   ကတိပျက်ကွက်

(၂)   ကြွေးမြီရလိုမှု

(၃)   ပစ္စည်းရလိုမှု၊

(၄)   လျော်ကြေးရလိုမှု၊

(၅)   ကတိအတိုင်းဆောင်ရွက်ပေးစေလိုမှူ

(၆)  အမွေပစ္စည်းစီမံခန့် ခွဲပေးစေလိုမှု၊

(၇)   သားသမီးအုပ်ထိန်းခွင့်ရလိုမှု 

(၈)   အမွေထိန်းစာရလိုမှု

(၉)   သီးခြားဆောင်ရွက်ပေးရန် စွဲဆိုမှူ

(၁၀)  တားမြစ်ပေးရန် တောင်းဆိုမှု၊

(၁၁)  အစုစပ်လုပ်ငန်းဖျက်သိမ်းခြင်းနှင့်စာရင်းရှင်း လင်းပေးစေလိုမှူ

(၁၂)  ဘာသာရေးဓလေ့ထုံးစံနှင့်ဘာသာ ရေးပွဲတော် များနှင့် ပတ်သက်သောအမှု

(၁၃) အသုဘသဂြိုလ်ခြင်း နှင့်ပတ်သက်သည့် အမှုများ

(၁၄)   သေတမ်းစာအရ ခန့် ထားသော အမွေထိန်းအား ဖယ်ရှားပေးစေလိုမှူ

(၁၅)  အိမ်ငှားဖယ်ရှားပေးစေလိုမှု၊

(၁၆)  ရွှေ့ပြောင်းနိင်သော ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၏ပိုင်ဆိုင်ခွင့်၊ငှားရမ်းခွင့်၊ ရောင်းချခြင်း၊တနည်းနည်း လွဲပြောင်းခြင်း၊ ပေါင်နှံခြင်းများနှင့်ပတ်သက်သောအမှုများ၊

(၁၇)  အစုစပ်လုပ်ငန်းများ၊ ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းများ၏ လုပ်ငန်းနှင့်ပတ်သက် သည့် အမှုများ

(၁၈) ယုံမှတ်အပ်နှံခြင်းများ၊ သေတမ်းစာအရအမွေဆက်ခံခြင်းများ၊ သေသူ၏ပစ္စည်းများအုပ်ထိန်း ခြင်းအမှုများ

(၁၉) အရွယ်မရောက်သေးသူနှင့် ရူးသွပ်သူ စိတ်မနှံသူများအား အုပ်ထိန်းခြင်းကိစ္စများ

(၂၀)  ပဋိညာဉ်အရ ဆောင်ရွက်ရန်ကိစ္စများ၊ ချိုးဖေါက်မှုများ၊လျှော်ကြေးတောင်းဆိုမှုများ၊

(၂၁)   တရားမနစ်နာမှုဥပဒေ (Tort) အရ နစ်နာကြေး၊ လျှော်ကြေးတောင်းဆိုသည့်အမှုများ

(၂၂)  မြန်မာဓလေ့ထုံးတမ်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ဟိန္ဒူမူဆလင်၊ ခရစ်ယာန်စသည့် ဘာသာရေးဥပ​ဒေများနှင့် ပတ်သက်သောအိမ်ထောင်ရေး၊ အမွေခွဲဝေရေး၊ အမွေဆက်ခံရေး၊ လင်မယားကွာရှင်းသည့်အမှုများ၊

(၂၃)  စာပေမူပိုင်ခွင့်အမှုများ၊

(၂၄) ကုန်ရောင်းဝယ်မှုများ၊

(၂၅)  ကုန်အမှတ်တံဆိပ်အမှုများ၊

(၂၆) လူမွဲအဖြစ်ခံယူသည့်အမှုများ၊

(၂၇)  ချက်လက်မှတ်၊ ငွေလွှဲလက်မှတ်များ၊ ဟွန်ဒီကိစ္စရပ်များ၊

(၂၈)  အသက်အာမခံကိစ္စများ၊

(၂၉) လူမှုအခွင့်အရေးနှင့်နိုင်ငံသား အခွင့်အရေးကိစ္စများ  စသည်တို့က တရားမှု​တွေ ဖြစ်ပါသည်။

ဗဟုသုတ မှတ်​စု

No comments:

Post a Comment