Friday, October 18, 2019

ကျန်းမာလိုသူများဆောင်ထားသင့်သည့် နည်းလမ်းများ


မေးခွန်းများ

၁။ ခေါင်းကိုက်နေတယ် ဘာဆေးသောက်ရမလဲ
၂။ ဒူးနာ ခါးနာ ခြေဖနောင့်နာနေတယ် ဘာဆေးသောက်ရမလဲ
၃။ သွေးတိုး နှလုံး ဆီးချို ဖြစ်နေတယ် ဘာဆေးသောက်ရမလဲ
၎။ အာရုံကြောရောဂါ လေဖြတ်တာဖြစ်နေတယ် ဘာဆေးသောက်ရမလဲ
၅။ ကင်ဆာဖြစ်နေတယ် ဘာဆေးသောက်ရမလဲ
၆။ ရင်သားမှာ သားအိမ်မှာ ရေအိတ်တွေ အကြိတ်တွေ အလုံးတွေ ရှိနေတယ် ဘာဆေးသောက်ရမလဲ
၇။ ကျီးပေါင်း ဖြစ်နေတယ် ဘာဆေးသောက်ရမလဲ
၈။ တကိုယ်လုံး နာကျင်ကိုက်ခဲနေတယ် ဘာဆေးသောက်ရမလဲ
၉။ လေးဘက်နာ၊ SLE, Hyperthyroid Autoimmune Disease ဖြစ်နေတယ် ဘာဆေးသောက်ရမလဲ
၁၀။ B ပိုး C ပိုးတွေ ရှိနေတယ် ဘာဆေးသောက်ရမလဲ

အဲဒီရောဂါတွေက
၁။ သိုင်းရွိက်ဟော်မုန်း နည်းနေရင်
၂။ Vitamin D3 နည်းနေရင်
၃။ အူကျန်းမာရေး မကောင်းရင်
 ကိုယ်ခံအား နည်းလာပြီး ဖြစ်တာပါ

အဲဒါကြောင့် အဲဒီရောဂါတွေ ဖြစ်ပြီဆိုတာနဲ့ ပထမဆုံး
၁။ ကိုယ့်မှာ သိုင်းရွိက်ဟော်မုန်း နည်းနေလား စစ်ကြည့်ရပါမယ် TSH 2 ကျော်နေရင်တော့ နည်းနေတာ သေချာပေမယ့် မကျော်ပေမယ့်လည်း နည်းနေနိုင်တယ် အဲဒါကြောင့် ဒီ ၂၃ ချက်နဲ့ စစ်ကြည့်ပါ

၁. ဆံပင်ကျွတ်ခြင်း၊ ဆံပင်ကြမ်းလာခြင်း
၂. အသားခြောက်ခြင်း၊ တင်းတိပ် စွဲခြင်း၊ သမင်ဖြူ ဖြစ် ခြင်း
၃. လက်သဲမှာ ထောင်လိုက် အစင်းများ ဖြစ်ပေါ်ခြင်း၊ လက်သဲ မကျန်းမာခြင်း
၎. ခြေလက်အေးပြီး ချမ်းနေခြင်း၊အိပ်ယာထချိန် ချိုင်းကြားတွင် အပူချိန် တိုင်းပါက 97.8 f အောက် ရောက်နေခြင်း၊ ချမ်းနေသဖြင့် ရေချိုးရမှာ ကြောက်နေခြင်း၊ ပူအိုက်နေသော နွေရာသီမှာ ခြေစွပ် ဝတ်ထားရခြင်း၊
၅. မောပန်းပြီး အင်အား နည်းနေခြင်း၊ နွမ်းလျ နေ ခြင်း၊ lack of energy
၆. မျက်နှာ ဖောသွပ်သွပ် ဖြစ်နေခြင်း ၊ ပွနေခြင်း
၇. တစ်ချိန်လုံး အိပ်ငိုက်နေခြင်း၊ အိပ်သည့်အခါ အလွန် ဟောက်ခြင်း
၈။ သွားကြိတ်ခြင်း
၉ . ဝမ်း အလွန်ချုပ်ခြင်း၊
၁၀.  ခြေထောက် ယောင်ခြင်း
၁၁.  တစ်ကိုယ်လုံး အသားတွေ နာနေခြင်း၊ အဆစ်တွေ နာနေခြင်း
၁၂.  အစာမကြေခြင်း၊ လေတက်ခြင်း၊ လေပွခြင်း၊ ရင်ပြည့်ခြင်း
၁၃.  သည်းခြေ ကျောက်တည်ခြင်း
၁၄. အဆီကို မခြေနိုင်သဖြင့် ၊ အဆီမှာ ပျော်နိုင် သော ဗီတာမင်ဓာတ်များ နည်းပါးသွားခြင်း။ Vitamin ADEK
၁၅.  နားလေထွက် ခြင်း၊ ချာချာ လည်သလို ခံစားရခြင်း vertigo၊
၁၆. စိတ်ရောဂါ ဖြစ် ခြင်း၊ သတိ မေ့တတ်ခြင်း
၁၇. အမျိုးသမီးများ ရာသီမမှန်ခြင်း၊ ရာသီ အလွန် များခြင်း၊ သားအိမ် အဖုလုံး ဖြစ်ခြင်း၊ ရာသီလာသောအခါ အလွန် နာကျင်ခြင်း
၁၈. ဆီချို ရောဂါ၊ သွေးတိုးရောဂါ ထိန်းမနိုင် ခြင်း
၁၉ . ကင်ဆာ ရောဂါ သည် အတော် များများ ဟာ လည်း  တေဇောဓာတ် ချို့ယွင်း နေ တတ် ပါ တယ်။
၂၀. ဆီးခဏခဏ သွားချင်နေခြင်း
၂၁. ပိုးကောင်များ ခန္ဓာကိုယ်မှာ တက်နေသကဲ့သို့ ခံစားနေရခြင်း
၂၂. မျက်ခုန်းမွှေး ကျွတ်ပြီး တစ်ခြမ်းသာ ကျန်ခြင်း
၂၃. Cholesterol level တက်နေခြင်း

အဲဒီအချက်တွေ ရှိနေပြီ ဆိုရင်တော့ သိုင်းရွိက်ဟော်မုန်း နည်းနေပါပြီ နည်းနေတာကို ပြန်မဖြည့်ဘဲ တခြားဆေးတွေ သောက်နေလို့ကတော့ ခြင်းကြားနဲ့ ရေသယ်သလို ဖြစ်နေမှာပါ

 သိုင်းရွိုက်ဟော်မုန်း ပြန်ဖြည့်ပေးတဲ့ Metabolic Advantage ၂ လုံးမှ ၆ လုံးအထိ လိုအပ်သလို သောက်မှ ပြန်ကောင်းပါမယ်

ဒုတိယ
၂။ ကိုယ့်မှာ Vitamin D3 level 70 နဲ့ 100 ng/ml ကြား ရှိသလား စစ်ရပါမယ် (ဓာတ်ခွဲခန်းက nmol/l နဲ့ ထုတ်ပေးရင် 0.4 နဲ့ မြှောက်ရပါမယ်) ၂၀ ဝန်းကျင်ပဲ ရှိလို့ အမြန်တက်ချင်ရင် တရက် ၁၀၀၀၀iu နဲ့ super k တလုံး တလလောက် သောက်ပြီးမှ ၅၀၀၀iu နေ့စဉ် နဲ့ super k တလုံး တရက်ခြား ဆက်သောက်ရပါမယ်၊D3 level မစစ်ထားရင်တော့ D3 ၅၀၀၀iu နေ့စဉ် နဲ့ super k တလုံး တရက်ခြား သောက်ရပါမယ်၊ D3 နည်းလို့ ဖြစ်တဲ့ ရောဂါကို D3 ပြန်မဖြည့်ဘဲ ဆေးတွေသောက်နေရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာပါ

တတိယ
၃။ အူလမ်းကြောင်း ကောင်း မကောင်း စစ်စရာ မလိုပါဘူး မကောင်းလို့သာ ရောဂါတွေ ဖြစ်တာပါ အူလမ်းကြောင်း ကောင်းအောင် အစားအသောက် ပြုပြင်ရပါမယ်
ရှောင်ကျဉ်ရမှာ လျော့စားရမှာတွေက
Gluten ပါတာတွေ (ပေါင်မုန့်၊ ဂျုံ ခေါက်ဆွဲ ၊ ရွှေကြည်မုန့်)၊ နွားနို့ သကြား ဆားအဖြူ  အချိုမှုန့် သစ်သီးအချို  ပြုပြင်ပြီး အစားအစာများ  (processed food)
Nightshade vegetables  (ခရမ်းသီး၊ ခရမ်းချဉ်သီး၊ အာလူး စသည်ဖြင့်)၊

စားသောက်ရမှာက
apple cider vinegar ပန်းသီး ရှာလကာရေ
(1 tsp of apple cider vinegar in a glass of water), sea salt, rock salt, pink salt, ဆားကြမ်း၊ ချဉ်ဖတ်၊ ကင်ချီ၊ ဒိန်ချဉ် အရိုးပြုတ်ရည်၊ အရွက်စိမ်းကြိတ်ရည်၊ နွယ်ချို ၊ တစောင်း လက်ပတ် ( aloe vera )၊ ဆနွင်းနဲ့ သံလွင်ဆီ or cod liver oil

သောက်ရမယ့် supplements တွေက
Probiotics 20 billion, Omega3 fish oil or cod liver oil, L glutamine (အရိုးပြုတ်ရည် မသောက်နိုင်ရင် သောက်ရန်)၊ အူလမ်းကြောင်းကောင်းအောင် မပြုပြင်ဘဲ ဆေးတွေ သောက်နေရင် သဲထဲရေသွန်သလို ဖြစ်နေမှာပါ

ကိုယ်ခံအားတက်အောင် ဖြည့်သောက်သင့်တဲ့ supplements တွေက

D3 5000iu နဲ့ super k, probiotic 20 billion, Omega 3 fish oil or cod liver oil, magnesium malate or citrate 400mg, zinc 50mg, super selenium complex 200mg

ဒီလောက်ဆိုရင် ရောဂါတွေ အတော်များများ ပျောက်ပါပြီ၊

အပေါ်က ဆေးတွေအပြင် အပို ထပ်သောက်ရမှာက
ထုံကျင် သတိမေ့ အာရုံကြော ရောဂါအတွက် B12 5000mcg, B complex, Acetyl l carnitine 1000mg
နှလုံးရောဂါအတွက် coq10 200mg, D Ribose powder
ရင်သားနဲ့ ဆီးကြိတ်ကင်ဆာ ကာကွယ်ဖို့ Iodoral တပတ် ၃ လုံး
အိပ်မပျော်သူအတွက် Melatonin 5 mg

No comments:

Post a Comment