Tuesday, August 27, 2013

ဖုန်းကဒ် မနက်ဖြန်( ၂၈.၈.၂၀၁၃)ရက်နေ့ မဲနှိုက်မည်

ဒုတိယအကြိမ်
မော်လူး အတွက် ခွဲတမ်း ဖုန်းကဒ် (၂၀၀)ကျော်ကို (အတိအကျမသိ)
ထုံးစံအတိုင်း မဲ နှိုက်ကြမည်။



သတင်းပိုမို ပြည့်စုံစေရန် ဖြည့်စွက်တင်ပြပါသည်။










မော်လူးဒေသတွင် တန်းဖိုးနည်းဖုန်းများ ဒုတိယအကြိမ် မဲစနစ်ဖြင့် ရောင်းချရေး အစည်းအဝေးကျင်းပ
မော်လူး၊ သြဂုတ် ၂၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာတွင် တန်ဖိုးနည်း GSM ၁၅၀၀ကျပ်တန်း ဖုန်းဆင်းမ်ကတ်များ မဲစနစ်ဖြင့် ဒုတ်ယအကြိမ် ရောင်းချပေးရေး အစည်းအဝေးကို သြဂုတ် ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မော်လူးကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ် လက်ထောက်ပညာရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မော်လူးအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် သတင်းမီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှ မော်လူးဒေသအတွက် တန်ဖိုးနည်း GSM ၁၅၀၀ ကျပ်တန် ဖုန်းဆင်းမ်ကတ် ခွဲတမ်းအနေဖြင့် (၃၀၀)ကတ် ရရှိကြောင်း၊ ၄င်းအထဲမှ ၁၀၀ ကို မော်လူးဒေသတွင်းရှိ ၀န်ထမ်းများအတွက် ၇၂ ကတ်၊ ခရိုင်နှင့်မြို့နယ် ၀န်ထမ်းများအတွက် ၁၈ ကတ်နှုတ်ယူပြီး ကျန်ရှိသည့် ဖုန်းဆင်းမ်ကတ် ၂၀၀ ကတ်အား ဒေသခံပြည်သူများအား မဲစနစ်ဖြင့် စက်တင်ဘာ ၂၈ ရက်နေ့တွင် မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Mawlu media



4 comments:

  1. မော်လူး အတွက် ချပေးသည်ဖြစ်အတွက်
    မော်လူး ဒေသသား မဲပေါက်ကြပါစေ...
    အခြားဒေသမှ လာပြီး မဲနှိုက် ပေါက်သူများ (သို့မဟုတ်)အတင်း ............များ
    ဖုန်းကဒ်ပျက်ပါစေ...

    ReplyDelete
  2. စိတ်ကောင်းထားစမ်းပါ....
    အဲ့ဒီလိုစိတ်ထားနှင့်ဆိုရင်
    မင်း (khaing)လည်း
    ပေါက်မှာ မဟုတ်ဘူး..

    ReplyDelete
  3. ပေါက်ချင်နေပေါ့
    ရှိပြီးသား၊

    ReplyDelete
  4. အေးငါကတော့ ပေါက်မှ ဖြစ်မယ် ဟေ့ လက်ဆောင် ပေးရမှာ

    ReplyDelete