Tuesday, August 27, 2013

ယာဉ်စည်းကမ်း မလိုက်နာပဲ ယာဉ်ရပ်နားမှုကြောင့် ပြည်သူများ အခက်ကြုံ





ယာဉ်စည်းကမ်း မလိုက်နာပဲ ယာဉ်ရပ်နားမှုကြောင့် ပြည်သူများ အခက်ကြုံ

မော်လူး၊ သြဂုတ် ၂၇

@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စု မော်တော်ကားလမ်းမကြီးပေါ်တွင် မောင်းနှင်သွားလာနေသော ယာဉ်များသည် ယာဉ်လမ်းကြောင်းပြောင်းပြန် ရပ်နားကာ ကုန်တင်ကုန်ချပြုလုပ်ခြင်း၊ ယာဉ်ရပ်နားရာနေရာမဟုတ်ပဲ ရပ်နားထားခြင်းတို့ကြောင့် လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြရသော ပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊ သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများအတွက် ယာဉ်အန္တရာယ်ရှိနိုင်ကြောင်း၊ လမ်းများမှာလည်း ကျဉ်းမြောင်းသဖြင့် လမ်းသွားလမ်းလာများအတွက် ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေနေရကြောင်း၊ ထိုကဲ့သို့သော အခက်အခဲများကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ယာဉ်ထိန်းရဲများက စည်းကမ်းတကျဖြစ်အောင် အရေးယူဆောင်ရွက်ပေးသင့်ကြောင်းတို့ကို ဒေသခံ ခရီးသွားပြည်သူ တစ်ဦးထံမှ ကြားသိရသည်။

Mawlu media

2 comments:

  1. ယာဉ်စည်းကမ်းလမ်းစည်းကအဝေးကြီးပါ
    ဆိုင်စည်းကမ်း
    မြောင်းစည်းကမ်းကို တောင် မှန်အောင်လုပ်ကြပါအုန်း

    ReplyDelete
  2. ဟုတ်ပါ့ ဟုတ်ပါ့ မှန်ပါ့ မှန်ပါ့ ပြောင်းးလဲတယ် ပြောင်းးလဲတယ်နဲ့ ဘာတွေပြောင်းးပီးးဘာတွေလဲနေလဲ ?????????

    ReplyDelete