Thursday, September 12, 2013

မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ


၂၀၁၂/ ၁၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ
မိုးညှင်း၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ယုဇနခန်းမဆောင်တွင် စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီ အချိန်က ၂၀၁၂/၁၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မော်ဟန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဦးနှင့် အုပ်စု အထောက်အကူပြု ကော်မတီဝင်များ၊မိုးညှင်းမြို့နယ် ပညာရေးဋ္ဌာန ဒုတိယမြို့နယ်မှူး ဦးသောင်းဋ္ဌေး၊ ကျောင်းအုပ်ဆရာကြီး ဦးထွန်းဝင်းနှင့် ဆရာ/မများ၊ စခန်းမှူး ရဲအုပ် ဋ္ဌေးအောင်နှင့် ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ဆုရ ကျောင်းသား/သူများနှင့် ယင်းတို့၏ မိဘများ တက်ရောက်ကြသည်။ ရှေးဦးစွာ သဘာပတိမှ အဖွင့်အမှာစကားပြောကြားပြီး မိုးညှင်းမြို့နယ် ပညာရေးဋ္ဌာန ဒုတိယမြို့နယ်မှူး ဦးသောင်းဋ္ဌေးမှ ပညာရေးဆိုင်ရာ သင်ကြားမှု၊ သင်ယူမှုများနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ဗဟုသုတများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီးမှ ပညာသင်ကြားရေးနှင့် ပတ်သက်၍ မိဘဆရာ ပူးပေါင်ဒ ကလေးပညာရေးကောင်းဟူသည့် ဆောင်ပုဒ်နှင့်အညီ မိဘများဘက်မှလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်လိုအပ်ကြောင်းနှင့် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားကာ ၂၀၁၂/၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ထူးချွန်ဆုရရှိကြသူများကို ပညာရေးဋ္ဌာန ဒုတိယမြို့နယ်မှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြပြီး၊ကျောင်းအတွက် လိုအပ်လျှက်ရှိသော ခြံဝင်းအုတ်တံတိုင်းနှင့် ပညာရည်ချွန်ဆုပေးပွဲအတွက် အလှူငွေထည့်ဝင်ခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး ဆုပေးပွဲအခမ်းအနားကို နေ့လည် ၁၂ နာရီအချိန်တွင် ရပ်နားခဲ့ကြောင်း သိရသည်။


MAWLU MEDIAGROUP


No comments:

Post a Comment