Thursday, September 12, 2013

မော်လူး သတင်း ၎





မော်လူးတွင် အပြည်ပြည်ဆိုင်ရာ အခြေခံ တရုတ်ဘာသာစကားပြော သင်တန်း ဖွင့်ပွဲကျင်းပ
မော်လူး၊ စက်တင်ဘာ ၁၂

@@@@@@@@@@@@@@@@@@@@@
 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် မော်လူးတရုတ်လူငယ်များ အဖွဲ့မှ ဦးစီးဆောင်ရွက်သည့်  အပြည်ပြည်ဆိုင်ရာ အခြေခံ တရုတ်ဘာသာစကားပြောသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၂ရက်၊ ကြာသာပတေးနေ့ နံနက် ရှစ်နာရီအချိန်က တရုတ်ဘုံကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲသို့ မော်လူးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ မော်လူး ရဲစခန်းမှ ရဲအုပ် အေးမင်းသိန်း၊ မော်လူးဒေသ တိုက်နယ် ဆရာဝန် ဒေါက်တာဇော်လင်းနှင့် မော်လူးဒေသမှ တရုတ်အမျိုးသားလူငယ်များအဖွဲ့နှင့် တရုတ်ဘာသာစကားကို တက်ရောက်ခဲ့ကြကြောင်းသိရသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အခြေခံ တရုတ်ဘာသာစကားပြောသင်တန်းကို သင်ကြားပို့ချပေးမည့် ဆရာမ ဒေါ်မီမီထွေးမှ "လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်ကြီးငယ်မရွေး တက်ရောက်နိုင်ကြောင်း၊ အချိန်ကိုလည်း သင်တန်းသား/သူများ အဆင်ပြေစွာ တက်ရောက်သင်ကြားနိုင်ရန် အချိန်ပိုင်းများဖြင့် စီစဉ်ထားကြောင်း၊ သင်တန်းကာလမှာ သုံးလခန့်ကြာမြင့်မည်ဖြစ်ကြောင်း"တို့ကို ပြောကြားခဲ့သည်။ ထို့နောက် အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ရဲအုပ် အေးမင်းသိန်းနှင့် တိုက်နယ်ဆရာဝန် ဒေါက်တာဇော်လင်းတို့မှ နံနက် ကိုးနာရီအချိန်တွင်  ဖဲကြိုးဖြတ်ကာ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း ၊ မော်လူး တရုတ်ဘုံကျောင်းသို့ မြစ်ကြီးနားမြို့နေ ဦးမြင့်အောင် + ဒေါ်ကင်းချစ် သား ကိုရှောက်တီ(ခ) ရင်းရီတင်+ မယဉ်ယဉ်နိုင် (ခိုင်သူရ အီလစ်ထရောနစ် မိုဘိုင်း) မှ ဆမ်ဆောင်းအမှတ်တံဆိပ် ၂၉ လက်မ အပေါ်စက်နှင့် အောက်စက်တို့ကို လှူဒါန်းရာ မော်လူးတရုတ်အမျိုးသားလူငယ်များအဖွဲ့ လက်ခံယူခဲ့ကြောင်းသိရသည်။ အပြည်ပြည်ဆိုင်ရာ တရုတ်ဘာသာ စကားပြော သင်တန်းဖွင့်ပွဲသည် နံနက် ၁၀ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သင်တန်းသား/သူ ဦးရေ  ၅၀ ကျော်ခန့် တက်ရောက် သင်ကြားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Mawlu mediagroup




2 comments:

  1. သင်တန်းကြေး free ဆိုရင်တက်ချင်တယ် သင်တန်းပေးရမည် ဆိုလျှင် သင်တန်းကြေး ထောက်ပံ့မည့်သူကို ဆက်သွယ်ချင်ပါတယ် ခင်မျာ

    ReplyDelete
  2. ကြားသည့် သတင်းကို ကြားသည့်အတိုင်းပြောရလျှင် သင်တန်းကြေးမှာ တစ်လလျှင် ၅၀၀၀ ကျပ်ဖြစ်ကြောင်းနှင့် သင်တန်းဆရာ၏ လစာကို မော်လူးရှိ တရုတ်အမျိုးသားများမှ တာဝန်ယူထားကြောင်း ကြားသိရပါသည်။ တရုတ်တစ်ယောက်ထံမှ အကောင်းဆုံ အကြံပေးချက်ကို ကြားသိရသည်မှာ လောလောဆယ်ဆယ် သင်တန်းသွားတက်လိုက်ပါ.. သင်တန်းကာလကုန်ဆုံးချိန်မှ သင်တန်းကြေးပေးမည်ဟု ပြောပါ.. သင်တန်းပြီးသွားလျှင် မပေးပဲနေလိုက်ပါ... တာဝန်ယူထားသည့် တရုတ်အမျိုးသားများမှ တာဝန်ယူပေးပါလိမ့်မည်ဟူသတည်းးးးး။ ( မှတ်ချက်။ ။ ကြားသိရသည်ကို ပြောပြခြင်း ဖြစ်သည်။)

    ReplyDelete