Tuesday, October 1, 2013

မော်လူးတွင် တတိယအကြိမ် တန်ဖိုးနည်း GSM ဆင်းကတ်များ မဲစနစ်ဖြင့် ရောင်းချပေး





မော်လူးတွင် တတိယအကြိမ် တန်ဖိုးနည်း GSM ဆင်းကတ်များ မဲစနစ်ဖြင့် ရောင်းချပေး

မော်လူး ၊ အောက်တိုဘာ ၁

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးတွင် တတိယအကြိမ်အဖြစ် တန်ဖိုးနည်း GSM ဆင်းမ်ကတ်များကို မဲစနစ်ဖြင့် ပြည်သူများအား ရောင်းချပေးခြင်းကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီအချိန်က မော်လူး ၊ ဒဏ္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် ဓမ္မရုံတွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယခု တတိယအကြိမ်အဖြစ် တန်ဖိုးနည်း GSM ဖုန်း ဆင်းမ်းကတ် ၂၀၀ ကို မော်လူးဒေသမှ ခွဲတမ်းအဖြစ်ရရှိခဲ့ကြောင်း၊ ၄င်းအနက်မှ ဒေသခံဝန်ထမ်းများအား ၆၅ နှုတ်ယူပြီး၊ ကျန်ရှိသည့် ၁၃၅ ကတ်ကို ဒေသခံပြည်သူများသို့ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ဒေသခံဝန်ထမ်းများအတွက် ခွဲဝေပေးခဲ့သည့် ဖုန်းဆင်မ်းကတ် ၆၅ ကတ်အနက်မှ ကသာခရိုင်မှ ဝန်ထမ်းများအတွက် ၁၀ ကတ် နှုတ်ယူသွားခဲ့ကြောင်း၊ ယခင် ဒုတိယအကြိမ်ကလည်း မော်လူးဒေသအတွက် ခွဲတမ်းအဖြစ်ရရှိသည့် ဖုန်းဆင်းမ်ကတ် ၃၀၀ အနက်မှ ၁၈ ကတ်ကို ခရိုင်နှင့် မြို့နယ် ဝန်ထမ်းများအတွက် နှုတ်ယူသွားခဲ့သေးကြောင်း သိရသည်။ မဲစနစ်ဖြင့် ရောင်းချပေးသည့် ဖုန်းဆင်မ်းကတ်များကို မဲပေါက်သူများသည် မော်လူးဒေသ အုပ်စုအုပ်ချုပ်ရေးမှူး၊ ဖုန်းကော်မတီ နှင့် မြန်မာ့ဆက်သွယ်ရေး တာဝန်ခံများမှထံမှ ထောက်ခံချက်လက်မှတ်ရယူပြီး  အောက်တိုဘာလ ၂ ရက်နေ့တွင် ဖုန်းဆင်းမ်ကတ်များကို တန်ဖိုးငွေ ၁၅၀၀ ကျပ်နှင့် အတူ မော်လူး မြန်မာ့ဆက်သွယ်ရေးရုံးတွင် ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။

K.M.S


No comments:

Post a Comment