Monday, November 4, 2013

ယစ်မျိုးလိုင်စင်ခွန်ကို စနစ်တကျကောက်ယူ တရားမဝင်ရောင်းချမှုလျှော့နည်းပြီး သောက်စားမူးယစ်သူများ သိသိသာသာကျဆင်း

ယစ်မျိုးလိုင်စင်ခွန်ကို စနစ်တကျကောက်ယူ တရားမဝင်ရောင်းချမှုလျှော့နည်းပြီး သောက်စားမူးယစ်သူများ သိသိသာသာကျဆင်း
မော်လူး၊ နိုဝင်ဘာ ၎
@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ယစ်မျိုးလိုင်စင်ခွန်ကို စနစ်တကျကောက်ယူပြီး တရားမဝင်ရောင်းချသူများကို စိစစ်လာသောကြောင့် တရားမဝင်ရောင်းချမှု လျှော့နည်းပြီး သောက်စားမူးယစ်သူများ သိသိသာသာ ကျဆင်းလာကြောင်း သိရသည်။


မော်လူးဒေသတွင်း ကျေးရွာအုပ်စု(၁၀)အုပ်စု ကျေးရွာ(၄၃)ရွာ အသီးသီးသို့ မြန်မာနိုင်ငံ ယစ်မျိုးဥပဒေတွင် အခွင့်အာဏာရှိသူ၏ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ယစ်မျိုးထွက် ပစ္စည်းများကို နိုင်ငံအတွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုဆောင်းခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းအသိပေးခဲ့ရာ ယစ်မျိုးလုပ်ငန်း လုပ်ကိုင်သူများ မြို့နယ်သို့ သွားရောက်၍ ယစ်မျိုးလိုင်စင် ခွင့်ပြုချက် ရယူကာ မော်လူးမြို့ပေါ်တွင် ဆိုင်ဖွင့် ရောင်းချသူ (၆)ဦးခန့်ရှိပြီး ကျန်ကျေးရွာများမှ တောအရက်ခေါ် ချက်အရက်ဖိုများ လိုင်စင်ကြေး မဆောင်နိုင်ကြသဖြင့် ရပ်နားထားကြကြောင်း လိုင်စင်ခွန်တိုးမြင့်ကောက်ခံမှုကြောင့် လိုင်စင်ကြေးဆောင်ကာ အရက်ရောင်းချသူများက ယခင်အရက် ၄၀ ကျပ်သားဝင် ပုလင်းတစ်လုံးကို ၇၀၀ ကျပ်သာ ရောင်းချရာမှ ယခုတစ်ဆတိုး၍ ၁၄၀၀ ကျပ်ထိ တိုးမြင့်ရောင်းချလာမှုကြောင့် အရက်ကြိုက်တတ်သူများ၊ အလုပ်ပင်ပန်း၍ ဒဏ်ကြေသဘော ဆေးဝါးဖြစ်သောက်သုံးသူများ၊ အပျော်သောက်သူများ သိသိသာသာ လျှော့နည်းသွားကြောင်း လိုင်စင်ရ အရက်နှင့် အဖျော်ယမကာ ရောင်းချသူ ဆိုင်ရှင်တစ်ဦးထံမှ သိရသည်။
 

CYCLONE

No comments:

Post a Comment