Monday, November 4, 2013

ပုလဲသွယ်စပ်မျိုးစပါး စမ်းသပ်စိုက်ပျိုးမှု အောင်မြင်




ပုလဲသွယ်စပ်မျိုးစပါး စမ်းသပ်စိုက်ပျိုးမှု အောင်မြင်
မော်လူး၊ နိုဝင်ဘာ ၎
@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသအတွင်း ယခင်က မိုးရာသီကာလ မိုးစပါးအတွက် စပါးမျိုးကောင်းများဖြစ်သော ချင်း(၃)၊ ဆင်းဧကရီ(၃)၊ မနော်အုပ်စု၊ ငွေတိုး၊ စောရှုတ်၊ မှော်ဘီ၊ လုံးသွယ်မွှေး စသည့် စပါးများကို အလေးထား၍ စိုက်ပျိုးလာခဲ့ကြရာမှ ယခုနှစ်တွင် ပုလဲသွယ် စပ်မျိုးစပါးကို စမ်းသပ်စိုက်ပျိုး အောင်မြင်ခဲ့ကြောင်း သိရသည်။
 

"ပုလဲသွယ် စပါးကို ကျွန်တော်တို့ လယ်သမားတွေ အားလုံးက မစိုက်ပျိုးနိုင်ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မျိုးဝယ်ယူမှုစရိတ်၊ စိုက်ပျိုးမှုစရိတ်၊ ဓာတ်မြေသြဇာသုံးစွဲမှု ကုန်ကျစရိတ်တွေ များလွန်းတာကတစ်ကြောင်း၊ ပုလဲသွယ် စပ်မျိုးစပါးက မျိုးအဖြစ် ယူထားလို့ မရတာပါ။ ယခင်ကစိုက်ပျိုးခဲ့တဲ့ စပါးမျိုးတွေဟာ မိမိလယ်ထဲက မျိုးကိုယူထားလို့ရတယ်၊ မျိုးယူထားလို့ရတဲ့ စပ်စပါးအမျိုးအစားဖြစ်ရင် ပိုကောင်းမှာပါ။ မျိုးနှစ်စဉ်ဝယ်ယူနေရတဲ့ ကုန်ကျစရိတ် အများကြီး သက်သာသွားတာပေါ့။ ဝတ်မှုန်ကူးပြီး စပ်မျိုးစပါးကို ထုတ်လုပ်သူတွေက ကျွန်တော်တို့ ယခင်က စိုက်ပျိုးခဲ့တဲ့ စပါးတွေလိုပဲ မျိုးအဖြစ်ယူထားလို့ရတဲ့ စပ်မျိုးစပါး ထုတ်လုပ်ပေးနိုင်ရင် ပိုကောင်းမှာပါ"ဟု ဒေသခံ တောင်သူဦးကြီး တစ်ဦးမှ ပြောပြသည်။
 

အထွက်ကောင်းမျိုးစပါးဖြစ်သည့် ပုလဲသွယ် စပ်မျိုးစပါးကို အင်းတော်မြို့နယ်တွင် ဧက(၁၀၀) စမ်းသပ်စိုက်ပျိုးခဲ့ရာ မော်လူးဒေသမှ တောင်သူအချို့ မိမိတို့ လယ်တွင် တစ်ဧက နှစ်ဧက စသဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ကြရာ (၃)လ စပါးဖြစ်၍ အခြားစပါးများထက် ဦးစွာစော၍ ရိတ်သိမ်းကြရပြီး ခြွေလှေ့စက်ဖြင့် တစ်ဧက အထွက်နှုန်းကို စစ်ဆေးကြည့်ရာ တစ်ဧက တင်း၁၂၀မှ တင်း ၁၈၀ အထိထွက်ပြီး ရောင်းဈေးမှာလည်း တစ်တင်း ၅၀၀၀ ကျပ်နှုန်း ရရှိကြရာ ကောက်ဦးပေါ် ရောင်းဈေးကောင်းရ တွက်ခြေကိုက်သဖြင့် ပုလဲသွယ် စပ်မျိုးစပါး စမ်းသပ်စိုက်ပျိုးသူ လယ်သမားများ အထူးဝမ်းသာလျှက်ရှိကြောင်း သိရသည်။

CYCLONE

No comments:

Post a Comment