Friday, May 2, 2014

မော်လူးမီးရထားဘူတာ စင်္ကြန်ပြန်လည် မွမ်းမံပြင်ဆင်



မော်လူးမီးရထားဘူတာ စင်္ကြန်ပြန်လည် မွမ်းမံပြင်ဆင်
မော်လူး၊ ဧပြီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး မီးရထားဘူတာရုံ စင်္ကြန်တွင် ပေါက်ပြဲပျက်စီးလျှက်ရှိနေသော ကြမ်းခင်းများကို အသစ်ပြန်လည် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကို ဧပြီ ၂၇ ရက်မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မော်လူးမီးရထားဘူတာ ရုံပိုင်ကြီး ဦးစိုးလင်းနှင့် မီးရထားဘူတာ ဝန်ထမ်းများ၊ မီးရထား အင်ဂျင်နီယာ(မော်လူး) တာဝန်ခံ ဦးထင်လှအောင်နှင့် ဝန်ထမ်းများမှ အနီးကပ် ကြီးကြပ်၍ မော်လူးမြို့ပေါ်ရပ်ကွက်များမှ မြို့မိမြို့ဖများ၊ ကုန်သည်များနှင့် စေတနာရှင်များ၏ စုပေါင်းကောင်းမှုဖြင့် ကာလတန်ဘိုး ကျပ်၅သိန်းခန့် အကုန်အကျခံကာ ပြုပြင်မွမ်းမံနေကြောင်း၊ ဆက်လက်၍ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် အလှူရှင်များကို ဖိတ်ခေါ်ထားကြောင်း၊ မွမ်းမံပြင်ဆင်မှုပြီးစီးသွားပါက ဒေသခံခရီးသွားပြည်သူများ နားနေရာတွင် အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း မော်လူး မီးရထားဘူတာ ရုံပိုင်ကြီးထံမှ သိရသည်။

No comments:

Post a Comment