Friday, May 2, 2014

ကျေးလက်ဒေသ ကျန်းမာရေးအသိပညာပေးဟောပြော၊ ဆေးရည်စိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ



ကျေးလက်ဒေသ ကျန်းမာရေးအသိပညာပေးဟောပြော၊ ဆေးရည်စိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ
မော်လူး၊ ဧပြီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးအုပ်စုအတွင်းရှိ နားခွင်းကျင်ကျေးရွာ၊ လွင်ဦးကျေးရွာ၊ ကရင်ကျေးရွာများတွင် ကျေးလက်ဒေသ ကျန်းမာရေးအထာက်အကူပြု  အသိပညာပေးဟောပြောခဲ့ပြီး ဆေးရည်စိမ်ခြင်ထောင်များကို ဒေသခံ ရွာသူ/သားများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ဒေသ ကျန်းမာရေးအထောက်အကူပြု အသိပညာပေးဟောပြောပွဲနှင့် ဆေးရည်စိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်းကို အင်းတော်မြို့နယ် သူနာပြု (အဆင့် ၁) ဆရာမ ဒေါ်ခင်ဝင်းကြည်နှင့် ဒေါ်မေသက်လွင်(ငြိမ်း)၊ဘက်စုံသားဖွားဆရာမ ဒေါ်ခင်ထွေးကြိုင်တို့မှ ဦးဆောင်၍ နားခွင်းကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီဝင်များက ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြသည်။ ကျေးလက်ဒေသ ကျန်းမာရေး အထောက်အကူပြု အသိပညာပေးခြင်းကို မြို့နယ်သူနာပြုဆရာမ (အဆင့် ၁) ဒေါ်မေသက်လွင်(ငြိမ်း)မှ ဆေးရည်စိမ်ခြင်ထောင်နှင့် ပတ်သက်၍ အသုံးပြုပုံ၊ အကျိုး အပြစ်နှင့် ဆောင်ရန်ရှောင်ရန်တို့ကို ရှင်းလင်းပြောကြားပြီး၊ ဘက်စုံသားဖွားဆရာမ ဒေါ်ခင်ထွေးကြိုင်မှ မိုးရာသီတွင် ခြင်ကြောင့် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့မှ ကင်းဝေးစေရန် ကျန်းမာရေး အသိပညာများကို ရှင်းလင်းပြောကြားပြီး ဆေးရည်စိမ်ခြင်ထောင်များကို ဒေသခံ ကျေးရွာသူ/သားများ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း၊ မော်လူးဒေသတွင်း ဆေးရည်စိမ်ခြင်ထောင် အလုံး ၅၀၀ ဖြန့်ဝေပြီးဖြစ်ကြောင်း သိရပြီး ဆက်လက်၍ ဥသျှစ်ကုန်းကျေးရွာ၊ တောင်ဖီလာကျေးရွာများသို့လည်း ဆေးရည်စိမ်ခြင်ထောင်များကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment