Monday, May 26, 2014

မော်လူးဒေသ မှ ဗုဒ္ဓဘာသာဝင် မိသားစုများအတွက် သိမှတ် လိုက်နာ သင်ခန်းစာယူဖွယ်လေးပါ




ဗျိုင်းမလေးနဲ့ ကျီးကန်း~~

တစ်ခါက လယ်ကွင်းတစ်ကွင်းရဲ့ ကတွတ်ပေါက်နားမှာ ဗျိုင်းမလေးတစ်ကောင်ဟာ လာပြီး အစာရှာလေ့ရှိပါတယ်။ အဲဒီအနီးမှာလည်း ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ်။
ဗျိုင်းမလေးလာတဲ့ အခါတိုင်း ကုက္ကိုပင်ပေါ်က ´´အား…အား``လို့ အော်တဲ့ အသံကို ကြားရလေ့ရှိတယ်။
ဗျိုင်းမလေးဟာ အဲဒီ ´´အား…အား`` လို့ အော်တဲ့အသံကို သဘောကျတယ်။ အလွန်သာယာတယ်။ ချိုသာတယ်ပေါ့။ ဒါကြောင့် ဗျိုင်းမလေးဟာ အသံရှင်ကိုတွေ့ချင်လာတယ်။ တစ်နေ့မှာ အသံရှင်ရှိရာ ကုက္ကိုပင်ပေါ်ပျံတက်သွားတယ်။ အပင်ရောက်တော့ ရှာတယ်။ ဒါပေမယ့် မတွေ့ရဘူး။

ဒီလိုနဲ့ တစ်နေ့မှာ ဗျိုင်းမလေး အစာရှာနေတုန်းပဲ ကျီးကန်းတစ်ကောင်ဟာ အနီးကိုရောက်လာတယ်။ ဖြူဖြူဖွေးဖွေး ဗျိုင်းမလေးဟာ မည်းမည်းသဲသဲ ကျီးကန်းရောက်လာတော့ လန့်သွားတယ်။ ဒါပေမယ့် ကျီးကန်ဟာ ကုက္ကိုင်ပင်ပေါ်က အော်တဲ့အတိုင်း ´´အား.အား`` လို့ အော်လိုက်တယ်။ အခုမှ ဗျိုင်းမလေဟာ တွေ့ချင်နေတဲ့ အသံရှင်ကိုတွေ့လိုက်ရတယ်။
သြော်…အရုပ်ဆိုးပေမယ့် အသံတော့ကောင်းသားပဲ'' လို့ တွက်မိတယ်။

ကျီးကန်းဟာ လှည့်ပတ်ပြီး တအားအား အော်နေတော့ ဗျိုင်းမလေးကဆာနေရှာတယ် 'ထင်မိတယ်။ ဒါကြောင့် ဖမ်းမိတဲ့ ငါးအရှင်တစ်ကောင်ကို လှမ်းပြီးပစ်ပေးလိုက်တယ်။ ကျီးကန်းဟာ ငါးကိုရတာနဲ့ ကုက္ကိုပင်ပေါ်ပျံတက်သွားတယ်။ အရှင်လတ်လတ်ငါးဟာ တဖျက်ဖျက်ဖြစ်နေတော့ ကျီးကန်းဟာ မထိန်းနိုင်တတ်ဘူး။ ငါးဟာ အောက်ကိုလွတ်ကျသွားတယ်။ အဲဒီအခါမှာ ဗျိုင်းမလေးဟာ ပြုတ်ကျသွားတဲ့ ငါးကို အလျင်အမြန်သွားကောက်လိုက်တယ်။ ကျီးကန်းကလည်း အောက်ကိုဆင်းလာတယ်။ ဗျိုင်းမလေး နှုတ်သီးထဲက ငါးကိုဆွဲယူလိုက်တယ်။ မကျွမ်းမကျင် စားနေတဲ့ ကျီးကန်းကိုကြည့်ပြီး ဗျိုင်းမလေးဟာ သဘောတွေကျနေတယ်။

နောက်နေ့တွေမှာလည်း ကျီးကန်းဟာ ဗျိုင်းမလေးဆီကိုလာတယ်။ ဗျိုင်းမလေးကလည်း သူရှာလို့ရတဲ့ ငါးကိုကျွေးတယ်။ ဒီလိုနဲ့ ဗျိုင်းမလေးနဲ့ ကျီးကန်းဟာ ခင်မင်ရင်းနှီးရာကနေ သံယောဇဉ်ဖြစ်လာတယ်။ အဲဒီလို ကျီးကန်းနေ့တိုင်းလာနေတော့ မနီးမဝေးမှာ အစာရှာနေတဲ့ မိခင်ဗျိုင်းမကြီးက သတိထားမိတယ်။
´´သမီးရေ…အမေတို့ဗျိုင်းနဲ့ ကျီးကန်းဟာ အမျိုးလည်းမတူဘူး။ အရောင်လည်းမတူဘူး။ ဓလေ့စရိုက်လည်း မတူကြဘူး။ ဒါကြောင့် သမီးအနေနဲ့ ကျီးကန်းနဲ့ အရောတဝင် မနေနဲ့နော်`` လို့ သတိပေးလိုက်တယ်။

မိခင်က ဆုံးမပေမယ့် ဗျိုင်းမလေးဟာ နားမဝင်ဘူး။ သူတို့ရဲ့ချစ်ခြင်းမှာ အမျိုးတူတာ ,မတူတာ။ အရောင်တူတာ, မတူတာတွေနဲ့ မဆိုင်ဘူး။ သတ္တဝါအချင်းချင်းပဲလို့ သဘောထားတယ်။ ဒါကြောင့် စိတ်မချတဲ့ ဆွေမျိုးသားချင်းတွေဟာ ဗျိုင်းမလေးအနားမှာပဲ အမြဲမပြတ်စောင့်ကြည့်နေကြတယ်။

အဲဒီတော့ ကျီးကန်းဟာ ဗျိုင်းမလေးရှိရာကို ဆင်းမလာရဲဘူး။ ကုက္ကိုပင်ပေါ်ကနေပြီး တအားအားနဲ့ပဲ အော်နေရတယ်။ ဗျိုင်းမလေးဟာ ချစ်သူကျီးကန်းနဲ့ လွတ်လွတ်လပ်လပ် မတွေ့ရတော့ အစာလည်းကောင်းကောင်းမရှာတော့ဘူး။ ကျီးကန်းရဲ့ အသံကိုပဲ နားစွင့်နေရှာတယ်။

ဒီလိုနဲ့ အစာမစားတဲ့ရက်တွေကြာလာတော့ ဗျိုင်းမလေးဟာ အင်အားချိနဲ့လာတယ်။ တစ်နေ့ ကျီးကန်းဟာ ဗျိုင်းမလေးရှိရာကို ဆင်းလာခဲ့တယ်။ ´´အား…အား``နဲ့ အော်သံပေးတယ်။ ဗျိုင်းမလေးဟာ ချစ်သူရောက်လာလို့ ပျော်သွားတယ်။ ။ ဒါပေမယ့် မိခင်ဗျိုင်းမကြီးဟာ ဒေါသတကြီးနဲ့ ကျီးကန်းရှိရာကို သွားတယ်။ ကျီးကန်းထွက်သွားအောင် ပေါက်ဆိတ်မယ့် ဟန်ပြင်လိုက်တယ်။ ဗျိုင်းမလေးကလည်း ကျီးကန်းအနားကို ခပ်သွက်သွက်သွားလိုက်တယ်။ အဲဒီအချိန်မှာ ကျီးကန်းဟာ အသံကုန်စူးစူးဝါးဝါးအော်လိုက်တယ်။
ကျီးကန်းရဲ့အော်သံကြောင့် အခြားကျီးကန်းနှစ်ကောင်, သုံကောင်ချက်ခြင်းရောက်ချလာတယ်။ သူတို့ဟာ ကျယ်ကျယ်လောင်လောင်အော်ကြတယ်။ တစ်ခဏအတွင်းမှာပဲ နောက်ကျီးကန်းတွေ အမြောက်အများရောက်လာပြန်တယ်။ ပြီးတော့ ဆူဆူညံညံ အသံပေးပြီး ဗျိုင်းတွေကို ဝိုင်းထိုးဆိတ်ကြတယ်။ ကျီးကန်းတွေ အင်အားများလာတော့ ဗျိုင်းတွေလည်း မခံနိုင်တော့ကြောင့် ကိုယ်လွတ်ထွက်ပြေးကြရတယ်။

မပြေးဘဲနေသူကတော့ ဗျိုင်းမလေးပဲ ဖြစ်ပါတယ်။ ချစ်သူကျီးကန်းရှိတဲ့ အတွက် ချမ်းသာရာရလိမ့်မယ်လို့ မျှော်လင့်နေတယ်။ ဒါပေမယ့် ကျီးကန်းတွေဟာ ဗျိုင်းမလေးကို ချမ်းသာမပေးပါဘူး။ ထိုးဆိတ်ကြတယ်။ အသားနာလာတော့ ပျံပြေးဖို့ကြိုးစားတယ်။ အစားကောင်းကောင်း မစားခဲ့တဲ့ ဗျိုင်းမလေးဟာ အင်အားချိနဲ့နေတော့ ရုန်းမထွက်နိုင်ဘူး။ ဒါ့အပြင် သူအလွန် ချစ်တဲ့ကျီကန်းကလည်း သူ့ကိုပြန်ပြီး ထိုးဆိတ်နေတော့ ပိုပြီး ဝမ်းနည်းနေရှာတယ်။

နောက်ပိုင်းမှာတော့ ဗျိုင်းမလေးဟာ လယ်ကသင်းပေါ်မှာ လဲကျသွားတယ်။ ကျီးကန်းတွေလည်း အဲခါမှ ပျံသွားကြတယ်။ ကျီးကန်းတွေ မရှိတော့မှ ဗျိုင်းမလေးရဲ့မိခင်တို့ဟာ ပြန်လာနိုင်တော့တယ်။
´´ သမီး ……သမီးလေး``
ဗျိုင်းမလေးကို ခေါ်တယ်။ သမီးရဲ့ အဖြစ်ကိုကြည့်ပြီး မိခင်မှာ ပူဆွေးသောကရောက်နေတယ်။

´´သမီးကို အမေပြောခဲ့တယ် မဟုတ်လား။ ကျီးကန်းတွေဟာ အမေတို့ ဗျိုင်းတွေလို ကိုယ့်အားကိုယ်ကိုးပြီး ရှာစားကြတဲ့သူတွေ မဟုတ်ဘူး။ အချောင်စားဖို့သာသိတာ။ နောက်ပြီး သူတို့ကို ထိမယ်ဆိုတာနဲ့ ဝိုင်းအာကြတာလေ ခုတော့…ငါ့သမီးလေး ဒုက္ခရောက်ပြီ။
ဗျိုင်းမလေးဟာ မိခင်ကြီးကို အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်တယ်။
´´ သမီးကို ခွင့်လွတ်ပါအမေရယ်…အမျိုးမတူတဲ့သူကို ချစ်မိတဲ့အတွက် နောင်တရပါပြီ '' ဟု စိတ်ထဲကသာ ပြောရင်း သေဆုံးသွားပါတော့တယ်။ ။

သဇင်ပန်းခိုင်ဂျာနယ်
အတွဲ (၁) အမှတ်- ၆
ဆရာ စိန်ဝင်းမြင့်

No comments:

Post a Comment