Monday, July 7, 2014

ဖုန်းကို ကိုယ်တိုင် ပြင်လိုသူ မော်လူး သားများအတွက် အခြေခံမိုဘိုင်းဖုန်းError များနှင့် ဖြေရှင်းနည်းအကျဉ်းချုပ်နုတ်များ (For Begineers) အပိုင်းတစ်





အခြေခံမိုဘိုင်းဖုန်းError များနှင့် ဖြေရှင်းနည်းအကျဉ်းချုပ်နုတ်များ (For Begineers) အပိုင်းတစ်


ဖုန်းကို ကိုယ်တိုင် ပြင်လိုသူ မော်လူး သားများအတွက် အခြေခံမိုဘိုင်းဖုန်းError များနှင့် ဖြေရှင်းနည်းအကျဉ်းချုပ်နုတ်များ (For Begineers) အပိုင်းတစ မိမိထင်ရာတွေသာရေးထားတာဖြစ်လို့ အမှားတွေပါနိုင်ပါတယ် ပြီးတော့ ခုမှစတင်မယ့်သူတွေအတွက်သာဖြစ်ပြီး ဆရာသမားတွေအတွက်ရယ်စရာလေးတွေသက်သက်ဖြစ်ပါတယ်
မိုဘိုင်းဖုန်းဟာဒ်ဝဲပိုင်းမှာတော့ ခဲဂေါက်၊ဟော့ဂမ်းစတဲ့အခြေခံကျတဲ့ကိုင်တွယ်မှုတွေကို မကြာခန လေ့ကျင့်ပေးခြင်းဖြင့် မိမိကျွမ်းကျင်မှုကိုမြင့်တင်နိုင်ပါတယ်။ ခဲဂေါက်မနိုင်ရင် တကယ်တမ်းလက်တွေ့လုပ်တဲ့အခါမှာ အခက်အခဲတွေကြုံတွေ့ရမှာဖြစ်တာမို့ပါ။
hardware သမားတစ်ယောက်ပြုလုပ်ထားရမှာတွေကတော့
1/ Basic Electronic Principles
2/ Reading layout diagram
3/ Using Hot Gun,PowerSupply & other hardware repair tool
4/ Hardware practical&general knowledge
5/chaning CPU,Power IC & Jumper

စသဖြင့်လေ့လာထားသင့်ပါတယ်။ ဒီpostမှာ တစ်ခုချင်းစီရှင်းပြမယ့်ပို့စ် မဟုတ်ဘဲ မိမိအတွေ့အကြုံအရ အဖြစ်များတဲ့ hardware error တွေနဲ့ ဖြေရှင်းနည်းတွေကို အကျဉ်းချုပ် note သဘောရေးသားတင်ပြမှာဖြစ်ပါတယ်။ မိမိလက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါများစွာ အသုံးဝင်မှာဖြစ်ကြောင်း အာမခံပါတယ်။အထူးပြောလိုတာကတော့ ဟာ့ဒ်ဝဲစတင်လေ့လာသူတွေအတွက်သင်တန်းမတက်နိုင်သူတွေအတွက်သက်သက်ဖြစ်ပါတယ်
၁။    အားသွင်းခေါင်းဖြုတ်လျှင် အားသွင်းခေါင်းဘေးရှိ conponent R/C များကို လွှင့်မကျအောင် မီးခံတိပ်ကပ်ပြီး အပူ 300ံနဲ့လေအဆုံးထိတင်ကာ ပတ်ပတ်လည်ပြေးပေးပါ။မသောအခါတွင် ဆွဲမခြင်း မပြုရ။အထိုက်အလျောက်ကျွတ်ပါလာမည်ဖြစ်ပါသည်။
ထို့နောက် တင်နာဖြင့်ပြောင်အောင်ဆေးပေးပါ။ထို့နောက် အပေါက်ကလေးများကို ခဲဂေါက် ခဲစုတ်တံသုံးပြီး အပေါက်ပြန်ဖောက်ပြီး အားသွင်းခေါင်းအသစ်အား အံဝင်အောင်ချပြီး HOT Gun ၃၀၀ ဖြင့် ပတ်ပတ်လည် အပူပြေးပါ။ ခြေငုတ်ကလေးများကို စိအောင်သေချာအပူပေးပါ။မစိလျှင်အားမ၀င်ပါ။အားလုံးတပ်ဆင်ပြီးလျှင် တင်နာဖြင့်ပြန်ဆေးပါ။ သေချာအောင် အားသွင်းခေါင်းအသစ်ခြေထောက်ကလေးများကို ခဲလိုက်ပေးလိုက်ပါ။

၂။    ဘက်ထရီမကောင်းလို့ ရှော့ရိုက်မယ်ဆို supply ကို ဗို့အဆုံးထိတင်..အပေါင်းအနုတ်မှန်အောင်ချိတ် Shock ရိုက်ပေးပါ။ ဆယ့်ငါ့းစက္ကန့်လောက်ကြာရင် supply ကို 4.0 ဗို့ကိုပြန်ချိတ်ပြီး အားသွင်းပေးလိုက်ပါ။

၃။    Huawei 8812,8818,8825 တို့လို အပေါ်ဘုတ်နဲ့အောက်ဘုတ် နှစ်ကန့်ပါတဲ့ ဖုန်းတွေမှာ အားမ၀င်ခြင်း လိုင်းမတက်ခြင်း မိုက်မရခြင်း အယ်ရာများတပြိုင်နက်ဖြစ်ပေါ်လျှင် အပေါ်ဘုတ်နဲ့အောက်ဘုတ် ကို ဆက်ပေးသော ကြိုးပြားအားစစ်ပါ။ဆော့ကက်ငုတ်ကလေးများကောင်းမကောင်းစစ်ပေးပါ။အပေါ်အောက်ဆော့ကက်တပ်ဆင်ထားတာ မိ မမိ စစ်ပါ။

၎။    ဖုန်းခေါ်စဉ်မီးမှိတ်သွားပြီး ပြန်တက်မလာဘဲ တစ်ဖက်က ဖုန်းချမှပြန်လင်းလာပါက Sensor အား HotGun250ဖြင့်ဖြုတ်ချပါ။

၅။    Touch လဲလျှင် အဟောင်း Touch ကိုအရင်မခွာရပါ။ဆိုင်တွင်ဖုန်းဆက်မေးပြီးးလျှင် သွားစမ်းပါ။အားလုံးကောင်းပြီးဝယ်လာပြီးမှာ အဟောင်းကိုခွာချပ်။ Touch ပြန်ကပ်လျှင် လက်ရာများအားသေချာစွာပြန်သုတ်ပေးပါ။ သံဇကာပေါက်ကလေးအားလည်း ပြန်တပ်ဖို့မမေ့ပါနဲ့။

၆။    ပါဝါမလာသောဖုန်းများလင်အပ်လျှင် အားသွင်းကြိုးအရင်ထိုးကြည့်ပါ။ပါဝါနိုးလာလျှင် ခလုတ်အား တစ်ခက်စစ်ကြည့်ပေးပါ။အားသွင်းကြိုးထိုးလို့ ပါဝါလာသောဖုန်းသည် ခလုတ်ကြောင့်သာဖြစ်သည်။

၇။    earpiece, speaker အသံတိုးလျှင်အသစ်လဲပြီးလို့အသံတိုးနေလျှင် သံဇကာပေါက်အ၀တ်စလေးများအားခွာချလိုက်ပါ။အသံပိုကျယ်လာပါမည်။

၈။    ဆိုင်တွင် ဘက်ထရီ အားလုံးဝ ဒေါင်းနေလျှင်လည်း no power ဖြင့် လာအပ်တတ်သည်။ဘက်ထရီကို ရှော့ရိုက်လိုက်ပါ။

၉။    အထိုင်socket နဲ့တွဲပါလာသော Sim Card နှင့် Momory ကဒ်မဖတ်လျှင် ထိုင် ဆော့ကက်အထိုင်တို့အား ဆေးပါ။။မကောင်းမှအသစ်လဲပါ။

၁၀။    ဆင်းဒ်ကဒ်မဖတ်လျှင် ငုတ်ကျိုးမကျိုး စစ်ပြီး ငုတ်များအောက်သို့နိမ့်နေလျှင် အပေါ်သို့မတင်ပေးပါ။တင်နာဖြင့်ဆေးပါ။

၁၁။    ဖုန်းဘုတ်များပေါ်တွင် ချော်ရည်များ တင်နာများသုံးပြီးပြောင်းစင်အောင်မဆေးဘဲ ဟော့ဂမ်းဖြင့်ခြောက်သွေ့အောင် အပူမပေးလျှင် ဘုတ်ရှော့သွားတတ်သည် ။ မွဲကိန်းဆိုဒ်လာမည်။

၁၂။    Mic,Earpiece,Speaker များအသံတိုးသည်ပြောပါက volume ကိုထပ်ချဲ့စမ်းကြည့်ပါ။မရမှာhardware စစ်ပါ။အသံပိုင်းဆိုင်ရာဆော့ဝဲများကြောင့် တိုးနေခြင်းလည်းဖြစ်တတ်သည်။

၁၃။    လိုင်းမတက်လျှင် လိုင်းနှင့်ဆိုင်တဲ့ငုတ်ကလေးများကိုရှာပြီးတော့ jumper ကြိုးလေးများဖြင့်ဆက်ကြည်ပါ။တင်ငုတ် နှစ်ငုတ်...

၁၄။    ဟော့ဂမ်း ခဲဂေါက်စသည်တို့ကိုင်တွယ်မှုသည် ဟာဒ်ဝဲသမားရဲ့ အသက်ဖြစ်သည်။

၁၅။    ပါဝါမလာသောဖုန်းအားပြင်ရန် မည်သည့်နေရာမှ စပြင်ရန်စဉ်းစားမရပါက တင်နာဖြင့် ဘုတ်ကိုဆေးပါ။ ဆပ်လိုင်းချတ်ပါဝါပြန်နိုးပါ။

၁၆။    Touch, LCD များမကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ဖြစ်နေပါက Touch /LCD socket များအား တင်နာဖြင့်ဆေး အထိုင်ကျအောင်ဖိချပေးပါ။မရမှသာ အသစ်လဲပါ။

နှစ်ကို ဆက်ဖတ်ပါ...
ပို့စ်ရေးသူ-Hanwailinn-www.sayyoethe.blogspot.com


No comments:

Post a Comment