Sunday, July 6, 2014

PR ရွေးကောက်ပွဲစနစ်အကြောင်း မော်လူး ဒေသမှ မသိသေးသူအတွက်ပါ

PR ရွေးကောက်ပွဲစနစ်အကြောင်း မော်လူး ဒေသမှ မသိသေးသူအတွက်ပါ
*********************************************

ဒီမိုကရေစီနိုင်ငံအသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် များ(အမှတ်မင်းများ)ကို
ရွေးကောက်တင်မြှောက်ရာတွင် အဓိကအားဖြင့် ရွေးကောက်ပွဲဆိုင်ရာ စနစ်ကြီး
နှစ်ရပ်ရှိသည်။
ယင်းတို့မှာ-
(၁)Plurality- Majority System (PM စနစ်)
ဗဟို အများစု ကိုယ်စားပြုစနစ်။
(ဥပမာ- ယခု လက်ရှိမြန်မာပြည်စနစ်)

(၂)Proportional Representation System (PR စနစ်)
အချိုးကျ ညီမျှစွာ ကိုယ်စားပြုစနစ် တို့ဖြစ်သည်။

အတိုချုပ်ရှင်းလင်းရပါက PM စနစ်ဆိုသည်မှာ မဲဆန္ဒနယ်တစ်ခုတွင် ပါတီတစ်ခုခုကိုယ်စားပြု၍
ဖြစ်စေ၊ တသီးပုဂ္ဂလါအနေဖြင့်ဖြစ်စေ၊ နိုင်ငံသားတိုင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး၊ မဲဆန္ဒနယ်
အတွင်းရှိ မဲဆန္ဒရှင်ပြည်သူတို့က လျှို့ဝှက်မဲပေး၍ ရွေးကောက်တင်မြောက်ရပါသည်။ ဆန္ဒမဲ
အများရသူကို လွှတ်တော်အမတ်အဖြစ် ရွေးချယ် သတ်မှတ်ပါသည်။ ယင်းစနစ်ကို
PM စနစ်ဟု ဆိုကြသည်။

PR စနစ်ဆိုသည်မှာ မဲဆန္ဒနယ်တစ်ခုတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ပါတီများအနေဖြင့် စာရင်းသွင်း
ကြရပြီး လူပုဂ္ဂိုလ်များ တစ်ဦးချင်းအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။ မဲဆန္ဒရှင်ပြည်သူများက
မိမိတို့ နှစ်သက်သည့် ပါတီကိုသာ မဲပေးရပါသည်။ တစ်နိုင်ငံလုံး ရှိ မဲများအားလုံးရေတွက်ပြီး
သည့်အခါ မည်သည့်ပါတီက မဲရာနှုန်းမည်မျှရသည်ကို တွက်ချက်ပြီးနောက် ရာနှုန်းအလိုက် ရရှိ
သည့်လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို ဆိုင်ရာပါတီခေါင်းဆောင်များက ရွေးချယ်ပြီး
အမတ်မင်းများအဖြစ် လွှတ်တော်သို့ စေလွှတ်ရသည့် စနစ်ဖြစ်ပါသည်။ ဆိုင်ရာပါတီခေါင်းဆောင်
များကို ရွေးချယ်လျှင် လွှတ်တော်တက်ခွင့်ရပါမည်။ PR စနစ်အကျဉ်းချုပ်ပင်ဖြစ်သည်။

politics    ဂျာနယ် no-37  မှာ ကူးယူဖေါ်ပြသသည်။


********************************** =========== မော်လူး သတင်း အတွက် Adm လုပ်ရန် စိတ်ပါဝင်စားသူများ mawluuvillagers@gmail.com သို့ ဆက်သွယ် နိုင်ပါကြောင်း မိမိကိုင်ဆောင်သော ဖုန်းအမျိုးအစား ပါ ပေးပို့ ပေးပါ နည်ပညာများ online မှ ပြောကြားပေးပါမည်

No comments:

Post a Comment