Thursday, July 31, 2014

Viber တွင် မြန်မာစာနှင့် မြန်မာစတစ်ကာများ လပိုင်းအတွင်း သုံးနိုင်တော့မည်ဟုဆို

Viber တွင် မြန်မာစာနှင့် မြန်မာစတစ်ကာများ လပိုင်းအတွင်း သုံးနိုင်တော့မည်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံတွင် လူဦးရေ ငါးသန်းခန့် အသုံးပြုနေသော Viber မိုဘိုင်းလ် ဆက်သွယ်ရေးစနစ်တွင် မြန်မာစာနှင့် မြန်မာစတစ်ကာများ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိရာ လပိုင်းအတွင်း အသုံးပြုနိုင်ဖွယ် ရှိကြောင်း Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မန်နေဂျာ Mrs. Crystal Lee ၏ အဆိုအရ သိရသည်။

“မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို အခြေခံပြီး မြန်မာစာလုံးပါသော ပျော်ရွှင်စရာ ပုံတွေကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်နေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါစနစ်တွင် မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ရုပ်ပုံစတစ်ကာများကို လပိုင်းအတွင်း အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ရုပ်ပုံစတစ်ကာများကို လတ်တလောတွင် အခမဲ့ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခကြေးငွေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း Gulixo မှ CEO Mr. Raphael Dana က ဆိုသည်။

ကမ္ဘာ့ထိပ်တန်း သုတေသန အဖွဲ့အစည်းဖြစ်သော On Device Research ၏ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်စာတိုပို့စနစ် Applications အသုံးပြုသူများ၏ ၇၅ ရာခိုင်နှုန်းမှာ Viber ကို အသုံးပြုကြပြီး အခြားမိုဘိုင်းလ် စာတိုပို့စနစ်ထက် အသုံးပြုသူ များပြားကြောင်း ဖော်ပြထားသည်။

(အောင်သီဟ

No comments:

Post a Comment