Monday, August 11, 2014

နန့်စီးအောင် ၂၀၁၄ ခုနှစ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြော




စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင်ကျေးရွာ၊
ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သြဂုတ် ၁၀ ရက်၊ နံနက် ၁၀ နာရီ အချိန်က
မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ဆွေးနွေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း
သိရသည်။

 အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးတင်မြင့်၏ လမ်းညွှန်မှုအရ
အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ အင်းတော်မြို့နယ်
တရားဥပဒေအရာရှိ ဦးသက်ထွန်း၊ မြို့နယ် မူးယစ်ဆေးဝါးတားဆီး
ကာကွယ်နှိမ်နင်းရေး အထောက်အကူပြု ဥက္ကဋ္ဌ ဦးဆန်နီ၊ အင်းတော်မြို့နယ်
အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ
ဒေါ်မော်မော်အောင်နှင့် အဖွဲ့ဝင်များ၊ မံဟဲကျေးရွာအုပ်စု
နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေနှင့် ကျေးရွာ
အုပ်ချုပ်ရေးမှူးများ၊ နန့်စီးအောင် ရဲကင်း ဒုတိယ ရဲမှူး လှကြည်၊
နန့်စီးအောင်ကျေးရွာမှ အမျိုးသမီးရေးရာနှင့်
မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊ ကျေးရွာ ဖွံဖြိုးမှု
အထောက်အကူပြု ကော်မတီဝင်များ၊ ဒေသ အရံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ
ပြည်သူ့စစ်များ၊ ကျေးရွာသူ/သားများ၊ ကျောင်းသူ/သားများ စုစုပေါင်းအင်အား
၄၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဟောပြောဆွေးနွေးပွဲတွင် မြို့နယ်
စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မံဟဲကျေးရွာ အုပ်စု
နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ နန့်စီးအောင်ရဲကင်း
ဒုတိယ ရဲမှူး လှကြည်၊ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊
မြို့နယ် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး ဥက္ကဋ္ဌ ဦးဆန်နီ၊ မြို့နယ် တရား ဥပဒေ
ဦးစီးအရာရှိ ဦးသက်ထွန်းတို့မှ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေးနှင့်
ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံများဖြစ်ကြသည့်
ဦးခင်မောင်ဇော်၊ ဦးချောစိန်၊ ဦးထွန်းရွှေ၊ ဦးစိုးမင်းနိုင်တို့မှ
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး မရှင်းလင်းသည့်
အချက်အလက်များကို မေးမြန်းကြရာ မြို့နယ် တရား ဥပဒေ ဦးစီးအရာရှိ
ဦးသက်ထွန်းနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်တို့မှ ပြန်လည်
ရှင်းလင်း ပြောပြခဲ့ပြီး နေ့လည် ၁၂ နာရီခွဲတွင် ဆွေးနွေးဟောပြောပွဲ
ပြီးဆုံးခဲ့ကြောင်း သိရသည်


No comments:

Post a Comment