Monday, August 11, 2014

ဖားပန် အမကတွင် ကျောင်းကျန်းမာရေး စစ်ဆေးပြီး အာဟာရတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအုပ်စု၊
ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင်ကျောင်းသူ/သားများအား
ကျောင်းကျန်းမာရေး စစ်ဆေးပြီး အာဟာရ တိုက်ကျွေးခြင်းကို သြဂုတ် ၁၀ ရက်
နံနက် ၈ နာရီက ပြုလုပ်သည်။

ကျောင်းကျန်းမာရေး စစ်ဆေးရာသို့ အင်းတော်မြို့နယ်၊ အင်းတော်တော်မြို့နယ်
စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ဒုတိယ မြို့နယ် ပညာရေးမှူး
ဦးသိန်းဆွေဝင်း၊  မြို့နယ်ကျန်းမာဦးစီးဋ္ဌာန ဦးစီးမှူး ဒေါက်တာ
မျိုးဇော်လတ်၊ မော်လူးတိုက်နယ် ဆရာဝန် ဒေါက်တာ လာမာမီးနှင့်
ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်
ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မော်မော်အောင်နှင့် အဖွဲ့ဝင်များ၊
ပင်ဝယ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊
ဖားပန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများသည် ဖားပန်ကျေးရွာ
အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ/မနှင့် ကျောင်းသား/သူ(၄၆)ဦး၊
ကျေးရွာသူ/သား (၃၅)ဦးတို့အား ကျန်းမာရေး စစ်ဆေးကုသမှုများ
ပြုလုပ်ပေးခဲ့ပြီး ကျောင်းသား/သူများအား အာဟာရဒါနတိုက်ကျွေးခဲ့ကြောင်း
သိရသည်။






No comments:

Post a Comment