Wednesday, August 13, 2014

ကဲ သတိထားကြနော့ မိန်းမတွေ ယောက်ကျားအသည်းလည်း နုပါတယ် ခံနိုင်ရည်မရှိဘူးပေါ့






  ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့တွင် သြဂုတ်လ ၁၁ရက်က အသက်(၃၇)နှစ်အရွယ် အမျိုးသား တစ်ဦးသည် စကားများ ရန်ဖြစ်ပြီး နေအိမ်မှ စိတ်ဆိုး ဆင်းသွားသည့် ဇနီးဖြစ်သူအား ပြန်ခေါ်မရသည့် အတွက် ဆွဲကြိုးချ သေဆုံးခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

“မိန်းမကရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းသွားတယ်။ ပြန်လိုက်ခေါ်တာမလိုက်လို့ ကိုယ့်ကို ကိုယ်ဆွဲကြိုး ချသွားတာ” ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

ဖြစ်စဉ်မှာစဉ်မှာ ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စု ဥယာဉ်ရွာနေ ကိုဘိုဘိုအောင်သည် အရက်အလွန်အကျွံ သောက်စားပြီး ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ ရာ ဇနီးဖြစ်သူမှာ အိမ်ပေါ်မှ ဆင်းသွားခဲ့သည်။ ကိုဘိုဘိုအောင်သည် ဇနီးဖြစ်သူကို အိမ်ပြန်လိုက်ရန် ခေါ်ဆောင်ရာ ပြန်မလိုက်သဖြင့် စိတ်ညစ်ပြီး ဆွဲကြိုးချသေဆုံး ခဲ့ခြင်းဖြစ်သည်။

ထိုနေ့ညပိုင်း(၈)နာရီခန့် အချိန်က ရဲတပ်ဖွဲ့က သတင်းအရ အလောင်းအား သွားရောက် စစ်ဆေးရာ နေအိမ်အထက် ခြေရင်းဘက်တွင်ရှိသော ထုတ်မျောအား ခြောက်ပေခန့်ရှိ အ၀ါရောင် ပလပ်စတစ်ကြိုး အပြားဖြင့် လည်ပင်းကြိုးကွင်းစွပ်ကာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ရွှေတောင်မြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ် ၁၁/၂၀၁၄ ဖွင့်လှစ်ကာ ကိုဘိုဘိုအောင် သေဆုံးခြင်းနှင့် ပတ်သတ်ပြီး ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေး လျှက်ရှိသည်။

သတင်း။ ။ ပြည့်သဲမောင်(ပြည်

No comments:

Post a Comment