Wednesday, August 13, 2014

mail မှ တဆင့် ပို့လာသော မော်လူးဒေသားတစ်ဦးရဲ့ ကဗျာ




အို ကျနော့်အတွက်အမွေ . .

သက်ပြင်းတစ်ချက်ရဲ့နိဂုံးမှာ မျက်လုံးအစုံကိုမှိတ် အတိတ်ကြေးမုံပြင်ဆီအလည်ဝင်ခဲ့
ကျနော့ရှေ့က ပန်းချီတစ်ချပ်လား
စိန်းစိုမြလို့  လောကအသွင်အေး ရိပ်ဆင်တယ် .အေးမြပါစေ ရာသီ လေကကူညီပြန်. . .
. . . . . . . . . . . . . . .
ကျေးရွာကိုချစ်တယ် ကျနော့ချက် မြုတ်ရာ ဒီဌာနေမို့. . .မြို့ပြကိုချစ် တယ်. . .လူလားမြှောက်ရာ ပညာ ရပ်ဝန်း သုတဗဟု သည်အမှုတွေ
အလင်းမျက်ဝန်း တပ်ပေးရာမို့. .
တို့နိုင်ငံဆို အပိုမပြော ကျနော့ရင် ထဲက အသည်းမွှာလေ. . .
တယုတယချစ်ပါရစေ. . .
. . . . . . . .  . . . . . . . . .
ကျနော့ချက်ကြွေဇနပုဒ်လေးငယ်မူ
ငယ်သွေးမရွှန်းစိုတော့. . .
ရှေ့မှာကန့်ကော် မျှော်ကာမဆုံး
အလှဆုံးထင်. .မြောက်ဘက်တခွင်
ဖက်ဆွတ်ပင်စီသွယ်လို့သီ
တောင်ဘက်ချောင်းကျယ်ရေကြည်မြအေး နောက်ဘက်တောက ရွာ့အားထားရာပဒေသာပင် . .
ရွာ ပတ်လည်တခို ရွှေအဆင်းနဲ့ရွှေခင်းများ.  . . .
ခုနဲ့ကွဲပြား. . .
အရင်ကဆို နွေအခါ တပေါင်း
ရွက်ညောင်းတွေ အိမ်အိုကိုစွန့်ခွာ တိုင်းနံရိုးပြိုင်းပြိုင်းအစီအရီ ကျနော့ ရွာအရှေ့မျက်နှာမှာရွက်အိုတွေ ချစ်သူ့  အချော့မျောပါလို့ ပြေးလွားချစ်ကြည်အထွေးပွေ့ဆီ ခိုဝင်မှေးမှိတ် ချွေးသိပ်ရာ တော ကြေးသားငှက် စိုးစီစိုးစီ ဥသြအသံ သာ တေးကဗျာရင်းထဲခုထိဆွတ်ပျံ့ ဆဲပါပဲထင် စိတ်တွင်းတွင်သာ လက်တွေ့မှာတော့ ရှေးတုန်းက ပေါ့. .
. . . . . . .
ရွာ့တောင်ဘက်ဆီက အရင်ခါ ဝါးဖောင်မျောချောင်း . . . ရေဆိုးမြောင်းသွင် ရင်ထဲမချိ. .
သူငယ်ချင်းရေ တို့အတူ ကျွမ်းပစ်ချ ခဲ့တဲ့အိုက်လေး ဘယ်ဆီရောက်. .
. . . . . . . .
လွမ်းဖွယ်အတိ ပါသည်းထဲထိနာ တယ် . .
ရွာ့နောက်က တလက်လက်ထနေ ရတနာ ဂရ အဖိုးထိုက်တန် သစ်မှာ ဘုရင်အရှင်သခင်တွေ နန်းကျသွား ခဲ့ ငုတ်တုတ်ငိုလျက် မျက်ရည်စက်
ကြွေ . .ဥတုတွေလည်းစည်းကမ်း
ဖောက်ပြား တို့တွေကို မသနားကြ တော့ဘူး . .
. . . . . . . . . .
အဘိုးမောင် ကြားသိ နိုင်ရင် ထုတဲ့ရင်လည်းနာလိမ့်မယ်
မထင် အဘိုးအသည်းကို နှုတ်ကြပြီ
ဓားမတစ်ချောင်းအားနဲ့ နှစ်ချီတဲ့ အဘိုးဇွဲ ရဲ့ အသီးအပွင့်ကို မစား
အညွှန့်ကိုမှချိုးဖျက်ကာ အဘိုးမျိုး
ဆက် သူတို့တွေလုပ်ရက်လို့. .
စက္ကူ ရွက်နဲ့ လဲလှယ်. . . လှသွေးကြွယ်ကို  . . .ရင်ကိုခွဲမြေ့
အသည်းကို နှိုက်လို့ယူပြီ. . .
အဘိုး မသိနိုင်တော့ . . . . . .
. . . . . . . . .
မိထွေးညိုရေ တို့တွေရဲ့ထုပ်ဆီးထိုး
ကွင်း မြေသလင်းမှာလေ. . .
ကလပ် အဆင်အသွင်ပြင်နဲ့ လင်းလက်ကြယ်စင်တဲ့ နာမယ်လှလှနဲ့ ရုပ်ကြမ်းစိတ်ကြမ်း
beer bar ကနေရာ ရထားသဗျာ.
ဘုံဆိုင်လေးတို့ အခက်ကြုံပြီ. .
. . . . . . . .
ရွာအဝင် ကျနော့ရွာအဝင်က ညောင်ညိုပင်အောက်မှာ မြေဇာပင်
လေးများ လောင်းရိပ်မိမြေဇာလေး
များ ဆည်းဆာမဲ့ကြလေပြီ. . .
တကယ်တော့ ပညာအမိမဲ့လို့ အသိနည်းရရှာသူ ဘဝမွဲသားများရယ်. .
အမေတို့ မျက်ရည်မိုးသို့စွေကြပြီ.  .
. . . . . .  . .
ခွဲခွာခဲ့ရချိန် ရာသီတွေတစ်ပြ နှစ်ပြ
ထဲ ကျနော့ မွေးရပ်မြေလေ ဇရာက
ထုထောင်းခံရတဲ့ သူအို အလား အလှတို့ပြိုကျရင်မှမခြားကြည့်မိ
တိုင်း မြင်မိတိုင်း
ကြက်သီးဖျန်းထဆတ်ဆတ်ခါရင် မှာနာကျင်မချိတင်ကဲ
ရင်တွင်းကလှိုက်ဆူ သည်အပူကို
အသက်ကြွေ အရေခမ်းစေတော့
တတ်စွမ်းနိုင်သမျှ ပေးဆပ်ပါ့မယ် ကျနော့သွေးချွေး
ဒီဇနပုဒ်တွက်လို့တိုင်တည်မယ်. .
. . . . . .  

Posted via Blogaway

No comments:

Post a Comment