Thursday, August 28, 2014

ရန်ငြိုးကြောင့် မှောင်ရိပ်ခိုပြီး ရိုက်နှက်သွားသည့် တရားခံ ဖမ်းဆီးရမိ မော်လူး၊ သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မော်လူးရဲစခန်းပိုင်နယ်မြေအတွင်း သြဂုတ် ၂၃ရက်နေ့ နံနက် ၁နာရီအချိန်ခန့်က
ရန်ငြိုးကြောင့် မှောင်ရိပ်ခိုပြီး ရိုက်နှက်ပြီး
ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံကို သြဂုတ် ၂၇ ရက်နေ့ နံနက် ၇
နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၂ ရက်နေ့က မြစ်ကြီးနားမြို့မှ အထူးအမြန်ရထား(အမှတ်
၅၆)၊ တွဲအမှတ် ၅တွင် လိုက်ပါစီးနင်းပြီး  ဈေးရောင်းပြန်လာကြသည့်
အမျိုးသမီးလေးဦးသည် မော်လူးမီးရထားဘူတာမှ သြဂုတ် ၂၃ ရက်နေ့ နံနက် ၁
နာရီအချိန်ခန့်တွင် သုံးမိုင်ခန့်ကွာဝေးသည့် ၄င်းတို့နေထိုင်ရာ နန့်ရုံ၊
ရွာရှည်ကျေးရွာသို့အပြန် မော်လူး -လေးတန်ရိုးသွား
ကျေးရွာချင်းဆက်လမ်းမကြီးပေါ် သက်ရင်းသာကျေးရွာနှင့် ပေ ၃၀၀ ခန့်အကွာ
ရေအေးချောင်း တံတားအနီး ပေ ၂၀ ခန့်အကွာ ဆီးပင်ချုံဘေးတွင် မှောင်ရိပ်ခို
အသင့်စောင့်ဆိုင်းကာ အမျိုးသမီးလေးဦးအား အရှည် ၄ တောင် တစ်ထွာ၊ လုံးပတ်
၅ လက်မခန့်ရှိ ကျွန်းပင်ပေါက်ခြံတိုင်ဖြင့် ရိုက်နှက်သဖြင့် ဒေါ်ထွေးကြည်၊
ဒေါ်မပုတ်၊ မဥမ္မာကျော်၊ ဒေါ်ခင်ညွှန့်တို့အား ရိုက်နှက်ခဲ့ရာ ဒေါ်ခင်ညွှန့်မှာ
ထွက်ပြေးလွှတ်မြောက်ခဲ့ကြောင်း၊ အရိုက်ခံခဲ့ရသည့် အမျိုးသမီးသုံးဦးကို
မော်လူးတိုက်နယ်ဆေးရုံးသို့ အရေးပေါ် တင်ပို့ရာ ဒဏ်ရာမှာ စိုးရိမ်ရသဖြင့်
ကသာခရိုင် ပြည်သူ့ဆေးရုံးသို့ ဆေးစာဖြင့် လွဲပြောင်းပို့ဆောင်ခဲ့ရာ၊
မဥမ္မာကျော်မှာ ဦးခေါင်းငယ်ထိပ် အရိုးကျိုး ပေါက်ပြဲ ဒဏ်ရာဖြင့် အဆိုပါ
နံနက် ၇ နာရီအချိန်တွင် သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ
အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း၊ ၄င်းအမှုကိစ္စနှင့် ပတ်သက်၍
တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ကသာခရိုင် ရဲတပ်ဖွဲ့မှူး
ဒုတိယ ရဲမှူးကြီး စိုးမြင့်၏ လမ်းညွှန်မှုကို ခံယူ၍ ခရိုင် မှု/ကူ ရဲအုပ်
အောင်ကြည်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မော်လူးနယ်မြေ ရဲတပ်ဖွဲစခန်းမှ
စခန်းမှူး ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ အပူတပြင်း
စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ သြဂုတ် ၂၇ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင်
တရားခံဖြစ်သူ ခင်မောင်လွင်(ခ)အမောင် ၂၉ နှစ်(ဘ) ဦးမဲမောင်၊
ပဲခူးကျေးရွာနေသူအား ဖမ်းဆီးရမိခဲ့သည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍
အမှုအခင်းဖြစ်ပွားသည့်နေရာသို့  တရားခံနှင့်အတူ ကသာခရိုင် မှု/ကူ ရဲအုပ်
အောင်ကြည်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မော်လူးနယ်မြေ ရဲစခန်းမှ စခန်းမှူး
ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မော်လူးကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ သက်ရင်းသာကျေးရွာ၊
ဂွေ့ကြီးကျေးရွာ၊ ပဲခူးကျေးရွာ၊ ရွာရှည်ကျေးရွာများမှ
အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့ဝင်များ လိုက်ပါ၍
လိုက်လံပြသခိုင်းပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခြင်းနှင့်
ရဲလုပ်ငန်းဆောင်ရွက်ချက်များကို ပြည့်စုံစွာ လုပ်ဆောင်ကာ
မော်လူးရဲစခန်းမှ  (ပ)၄၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၅/၃၀၂ ဖြင့် အရေးယူပြီး
တရားခံအား ထိရောက်စွာ ပြစ်ဒဏ်ရရှိရေးအတွက် အမှုစစ် ရဲအုပ်
မင်းသိန်းထွန်းမှ စစ်ဆေးဆောင်ရွက်ပြီး ခရိုင်တရားရုံးသို့
တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။





No comments:

Post a Comment