Thursday, August 28, 2014

မှုခင်းဆိုင်ရာ အသိပညာပေး ဟောပြော နန့်စီးအောင်၊ သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
နန့်စီးအောင်-ပေကုန်းကျေးရွာတွင် မှုခင်း အသိပညာပေး ဟောပြောပွဲကို သြဂုတ်
၂၅ ရက် နံနက်၁၀နာရီက နန့်စီးအောင်-ပေကုန်းကျေးရွာ
အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မှုခင်း အသိပညာပေးဟောပြောပွဲသို့  နန့်စီးအောင်-ပေကုန်း ရဲကင်း
ရဲအုပ် မင်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ နန့်စီးအောင်ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ အထွေထွေအုပ်ချုပ်ရေး စာရေး အဆင့်(၁)
ဒေါ်ဝင်းဝင်းခိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဝင်များ၊
ရပ်ကွက်မှူးများ၊ ရပ်မိရပ်ဖများ၊ ရာအိမ်စုမှူးများ၊ အသင်းအဖွဲ့များ
အပါအဝင် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ
နန့်စီးအောင်-ပေကုန်း ရဲကင်း ရဲအုပ် မင်းဇော်ဦးမှ မှုခင်းကျဆင်းရေးအတွက်
ပြည်သူဗဟိုပြု ရဲလုပ်ငန်းဆိုင်ရာများ၊ ပြည်သူများ၏
ပါဝင်ကူညီဆောင်ရွက်ရမည့် မှုခင်းပိုင်းဆိုင်ရာများကို အသိပညာပေး
ဟောပြောခဲ့ကြောင်း၊ မှုခင်းဆိုသည်မှာ နေ့စဉ်နှင့်အမျှ အများပြည်သူများ
အကြားတွင် ပြဋ္ဌာန်းထားသည့် ဥပဒေကို ဆန့်ကျင်ပြီးဖြစ်နေတတ်သော
ကိစ္စအရပ်ရပ်ကို မှုခင်းဟုခေါ်ကြောင်း၊ ပေကုန်းကျေးရွာတွင်
အများဆုံးဖြစ်ပေါ်နေသည့် မှုခင်းဖြစ်စဉ်များမှာ အရက်သေစာသောက်စား၊ မူးယစ်၊
ရမ်းကားရန်ဖြစ်မှုများ၊ ငွေကြေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲ
ရောင်းဝယ်မှုများဖြစ်ကြောင်း၊  ပြည်သူများမှ လာရောက်တိုင်တန်းလျှင်
အမှုဖွင့် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်စားနေသည့်
ငွေကြေးလိမ်လည် ပြီး ထွက်ပြေးမှုများစသည့် မှုခင်းများကို မဖြစ်ပွားခင်က
ကြိုတင်ကာကွယ်ခြင်းက ပိုမို၍ အကျိုးရှိကြောင်း၊ ရပ်မိရပ်ဖ
မိဘညီအစ်ကိုမောင်နှမများမှ ဝိုင်းဝန်းကူညီ ထိန်းသိမ်းခြင်းဖြင့်
မှုခင်းကျဆင်း လျှော့နည်းစေမည်ဖြစ်ကြောင်း စသည့် မှုခင်းဆိုင်ရာ
အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့သည်
သိရပါကြောင်း

No comments:

Post a Comment