Sunday, November 30, 2014

မုံရွာခရိုင်မှာ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးကို အရေး

မုံရွာခရိုင်မှာ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးကို အရေးယူ

မုံရွာ၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်မှာ လာဘ်ပေးလာဘ်ယူမှု အပါအဝင် ရဲစည်းကမ်းဖောက်ဖျက်တဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးကို အရေးယူထားတယ်လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်က ပြောပါတယ်။
မုံရွာခရိုင်မှာ ရဲတပ်ဖွဲ့ဝင် ငါးရာကျော်ရှိတဲ့အထဲက ၂၀၁၄ ခုနှစ် ၁၀ လတာကာလအတွင်း ရဲစည်းကမ်း ဖောက်ဖျက်ခဲ့တဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးကို အရေးယူခဲ့တာလို့ သူက ဆိုပါတယ်။

လာဘ်ပေးလာဘ်ယူမှု၊ ချဲထီ၊ နှစ်လုံး ထီဒိုင်တွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ၊ ဓာတ်ဆီဆိုင်၊ သစ်ဆိုင်တွေမှာ ငွေကြေးတောင်းခံမှုတွေ၊ မြို့တွင်း ဝင်ထွက်တဲ့ ကုန်တင်ယာဉ်၊ ခရီးသည် တင်ယာဉ်တွေကို ခြိမ်းခြောက် ငွေတောင်းခဲ့မှုတွေ၊ အများစုကတော့ အမှုဖွင့်ဖို့ ပျက်ကွက်မှု၊ ရဲလုပ်ထုံးလုပ်နည်းတွေကို သွေဖည်မှုနဲ့ ရဲစည်းကမ်းဖောက်ဖျက်မှုတွေကြောင့် အရေးယူခဲ့တာလို့ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အရေးယူခံရသူတွေမှာ ရဲမှူးတစ်ဦး၊ ဒုတိယရဲမှူးနှစ်ဦး၊ ရဲအုပ်သုံးဦး၊ ဒုတိယရဲအုပ်သုံးဦး၊ တပ်ကြပ်ကြီး အဆင့် သုံးဦး၊ ရဲတပ်သားနှစ်ဦး ဖြစ်တယ်လို့ အဲဒီရုံးကနေ သိရှိရပါတယ် ။

No comments:

Post a Comment