Sunday, November 30, 2014

မီးရထား ကျန်းမာရေးဋ္ဌာနမှ အစားအသောက်အရောင်းဆိုင်များကို စစ်ဆေး


> မြန်မာ့မီးရထား ကျန်းမာရေးဋ္ဌာနမှ မီးရထားဘူတာတွင် ရောင်းချသည့်
> အစားအသောက်များအား စစ်ဆေး
> မော်လူး၊ နိုဝင်ဘာ ၃၀
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
> နဘားမီးရထားဘူတာနယ်မြေအတွင်းရှိ မြန်မာ့မီးရထား ကျန်းမာရေးဋ္ဌာနမှ
> မီးရထားဘူတာများတွင် ရောင်းချနေသည့် အစားအသောက်များအား ကျန်းမာရေးနှင့်
> ညီညွှတ်မှုရှိမရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိမရှိများကို နိုဝင်ဘာ ၃၀ရက် နံနက်
> ၁၁ နာရီက မော်လူး မီးရထားဘူတာတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း
> သိရသည်။
> အဆိုပါ အစားအသောက်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ နဘားနယ်မြေ
> မြန်မာ့မီးရထား ကျန်းမာရေးဋ္ဌာနမှ ဆေးမှူး ဦးစိုးမြင့် (တာဝန်ခံ)နှင့်
> ဝန်ထမ်းတစ်ဦး လိုက်ပါပြီး မြန်မာ့မီးရထားနယ်မြေ ဧရိယာအတွင်း
> ရောင်းချလျက်ရှိသည့် စာသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်နှင့်
> အခြားစားသောက်ကုန်များ ရောင်းချသည့်ဆိုင်များအား ကျန်းမာရေးနှင့်
> ညီညွှတ်သည့် အစားအစားများကို သန့်ရှင်းသပ်ရပ်စွာ ရောင်းချမှု
> ရှိမရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ဤသို့
> ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများကို
> တစ်လနှစ်ကြိမ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment