Thursday, December 11, 2014

> အင်းတော်မြို့တွင် မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးခြင်းဆောင်ရွက်ပေး



>

အင်းတော်မြို့တွင် မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးခြင်းဆောင်ရွက်ပေး
> အင်းတော်၊ ဒီဇင်ဘာ ၁၂
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့၊ အောင်ဇေယျ-ရေတွင်းကုန်း အခြေခံပညာ အလယ်တန်းကျောင်းတွင် မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးပေးခြင်းကို ဒီဇင် ၁၀ ရက်မှ ၁၄ ရက်နေ့အထိ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
> အဆိုပါ မော်တော်ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးရုံး(စစ်ကိုင်း)မှ  ဒေါ်ခင်မြဦး(ဒုဦးစီးမှူး) ဦးဆောင်သည့် ၁၇ ဦးပါအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ် သက်တမ်းတိုးသူများသည် မှတ်ပုံတင်မိတ္တူ၊ ယာဉ်ပိုင်ဆိုင်ကြောင်းစာအုပ်(Owner book)၊  ယာဉ်နှင့်အတူပါရှိရမည့် ဒစ်ရွိုင်းတို့ပါရှိရမည်ဖြစ်ကြောင်း၊ သက်တမ်းတိုးရာတွင် ၁၃၀၀၀ ကျပ်ကုန်ကျကြောင်း၊ ၂၀၁၃ ခုနှစ်ထုတ် မှတ်ပုံမတင်ရသေးသည့် မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်လျှင် ၁၅၀၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ မော်တော်ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးခြင်းနှင့်အတူ ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခြင်း သက်တမ်းတိုးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် မော်တော်ဆိုင်ကယ်အစီးရေ ၁၀၀၀ ကျော်ခန့်အား သက်တမ်းတိုးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
>

No comments:

Post a Comment