Thursday, December 11, 2014

> အင်းတော်မြို့နယ်တွင် နယ်မြေအလိုက် စာစစ်ဋ္ဌာန ခွဲခြားသတ်မှတ်

>


 အင်းတော်မြို့နယ်တွင် နယ်မြေအလိုက် စာစစ်ဋ္ဌာန ခွဲခြားသတ်မှတ်
> အင်းတော်၊ ဒီဇင်ဘာ ၁၂
> @@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အခြေခံပညာအဆင့် ၂၀၁၄/၁၅ ပညာသင်နှစ် အင်းတော်မြို့နယ်အတွင်းရှိ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အကြိုစားမေးပွဲစစ်ဆေးရန်အတွက် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများကို နယ်မြေအလိုက် စာစစ်ဋ္ဌာန (၂၂)ခု သတ်မှတ်ထားကြောင်း သိရသည်။
> ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း အကြိုစားမေးပွဲ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်မှ ၂၃ ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူဦးရေ စတုတ္ထတန်း (၂၇၈၇)ဦးနှင့် အဋ္ဌမတန်း (၁၈၉၂)ဦးရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်

No comments:

Post a Comment