Sunday, December 7, 2014

> မော်လူးဒေသမှ ရာပြည့်ဘွားဘွား ပတ္တမြားရတု မွေးနေ့မင်္ဂလာပွဲ ဆင်နွဲမည

ပတ္တမြားရတု မွေးနေ့မင်္ဂလာပွဲ ဆင်နွဲမည်
> မော်လူး၊ ဒီဇင်ဘာ ၇
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
> မံဟဲကျေးရွာအုပ်စု၊ မလူးကျေးရွာမှ အဘွား ဒေါ်သန်းတင်သည် ၁၃၇၆ ခုနှစ်
> နတ်တော်လပြည့်ကျော် ၁၁ ရက်နေ့တွင် အသက်တစ်ရာပြည့်တော့မည်ဖြစ်ကြောင်း
> သိရသည်။
> အဘွားဒေါ်သန်းတင်ကို ၁၂၇၆ ခုနှစ် နတ်တော်လပြည့်ကျော် ၁၁ ရက်နေ့က
> မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးချင်း ငါးယောက်အနက် အကြီးဆုံးသမီးဖြစ်သည်။
> ယခုအခါ ဘွားဘွား ဒေါ်သန်းတင်သည် သားသမီး ၆ ယောက်၏ မိခင် မြေး ၂၃ ယောက်၊
> မြစ် ၃၇ ယောက်၊ တီ ၁ ယောက်တို့၏ ဘွားဘွားဖြစ်နေခဲ့ပြီဖြစ်ကြောင်း၊
> ဘွားဘွားဒေါ်သန်းတင်သည် လွန်ခဲ့သော ၁ နှစ်ကျော်က အပေါ်သွား ၃ ချောင်း၊
> အောက်သွား ၂ ချောင်းပြန်ပေါက်လာခဲ့ကြောင်း၊ ဘွားဘွားသည်
> နေ့စဉ်နံနက်တိုင်း စောစောထပြီး ဘုရားဝတ်ပြုခြင်း ဆွမ်းတော်၊
> ပန်းတော်များကပ်လှူပူဇော်ခြင်းတို့ကို ပြုလုပ်ကြောင်း၊ နှစ် ၁၀၀ ပြည့်
> ပတ္တမြားရတု မွေးနေ့မင်္ဂလာအဖြစ် ၁၃၇၆ ခုနှစ် နတ်တော်လပြည့်ကျော် ၁၁
> ရက်နေ့တွင် မလူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သံဃာတော် ၁၇ ပါးအား
> သံဃဒါနဆွမ်း ကပ်လှူမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment