Thursday, January 8, 2015

Android ဖုန်းတွေမှာ Gmail အကောင့်သစ်ထပ်ဖွင့်လို့ မရ တော့တဲ့ပြသာနာဖြေရှင်းနည်း

Android ဖုန်းတွေမှာ Gmail အကောင့်သစ်ထပ်ဖွင့်လို့ မရ တော့တဲ့ပြသာနာဖြေရှင်းနည်း
အောင်ကျော်ခိုင်(ပုသိမ်) / 12 hours ago



_ _ _ _ _ _ _ _ _ _ _ _ _ _

ကျွန်တော်တို့ Android ဖုန်းတွေမှာအော်ရီဂျင်နယ်ပါတဲ့ Gmail app ပဲဖြစ်ဖြစ် Gappinstallerတွေနဲ့ ကိုယ့်ဖာသာ ထည့်ထားတဲ့Gmail app ပဲဖြစ်ဖြစ် အကောင့်ဖွင့်တဲ့အခါအကောင့်ဆယ်ခုလောက်ဖွင့်ပြီးရင်အကောင့်
သစ်ထပ်ဖွင့်လို့မရတော့ပါဘူး။တစ်ခါတစ်လေမှာလုပ်ပြီးသားအကောင့်ကို
sign in ဝင်တာတောင်မှပဲဝင်လို့မရတတ်တော့ပါဘူး။အဲဒီလိုပြဿနာမျိုးကို Gmailအကောင့်တွေအများကြီးလုပ်တတ်တဲ့သူတိုင်းကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။
အဲဒီပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းကိုဖေ့ဘုတ်ကနည်းပညာGroup တစ်ခုမှအကိုတစ်ယောက်ကပြောပြတဲ့အတွက် ပြန်လည်ဝေမျှ
လိုက်ရပါတယ်။Gmail အကောင့်သစ်ထပ်ဖွင့်လို့မရတော့တဲ့
ပြဿနာကိုဖြေရှင်းဖို့အတွက်ပထမဆုံးအနေနဲ့ Setting ထဲက ACCOUNTS
ဆိုတဲ့ ခေါင်းစဉ်အောက်က Google ဆိုတဲ့အထဲကိုဝင်ပါ။အဲဒီထဲမှာလုပ်ပြီးသား Gmailအကောင့်တွေရှိတယ်ဆိုရင်အားလုံးကိုRemove account လုပ်ပါ။


ဒုတိယအနေနဲ့ကတော့
Setting >>Manage apps >> ALL ကို
သွားပါ။ Gmail app နဲ့ Google Account Manager နဲ့ Google Services
Framework တို့ကို Clear data လုပ်ပေးလိုက်ပါ။
တတိယအနေနဲ့တော့ဖုန်းကို Restart ချပေးလိုက်ပါ။အဲဒါဆိုရင် Gmail အကောင့်အသစ်တွေပြန်ဖွင့်ဖို့အတွက်လုံးဝကိုအဆင်ပြေသွားပါပြီခင်ဗျာ။
အခုရေးပြခဲ့တဲ့နည်းလမ်းလေးကိုမသိခင်ကပေါ့ဗျာ။အဲဒီလိုပြဿနာမျိုးကြုံတာနဲ့ Gmailအကောင့်သစ်တွေပြန်ဖွင့်နိုင်ဖို့အတွက်ကျွန်တော်ဟာ Factory data reset ချတဲ့နည်းနဲ့ပဲဖြေရှင်းနေရပါတယ်။ကျွန်တော်ဟာ G mail အကောင့်တွေ အများကြီး လုပ်တတ်သူဆိုတော့Gmail အကောင့်သစ်ဖွင့်လို့မရတော့တဲ့
အခါတိုင်းပဲ ကျွန်တော့်ရဲ့ဖုန်းကို reset ချနေရတော့ Contacts တွေ data တွေကို Backupဆွဲရ Restore ပြန်ပြီးလုပ်ရနဲ့ ခဏတိုင်းဒုက္ခ
များနေခဲ့ရပါတယ်။

အခုတော့ Factorydata reset ချစရာမလိုပဲဖြေရှင်းလို့ရတဲ့နည်းလမ်းကိုသိရပြီ ဆိုတော့အဲဒီဒုက္ခတွေမရှိတော့ဘူးပေါ့ဗျာ။ကျွန်တော့်လို Gmail အကောင့်တွေအများကြီးလုပ်တတ်သူတွေအတွက်ဒီပိုစ့်လေးကထဲကနည်းလမ်း
လေးတွေကအကျိုးရှိစေမယ်လို့်မျှော်လင့်ပါတယ်။

အခုရေးပြခဲ့တဲ့နည်းလမ်းလေးကို ပြောပြပေးခဲ့တဲ့ Facebook နည်းပညာGroup တစ်ခုမှArker Linmg ဆိုတဲ့အကောင့်ပိုင်ရှင်အကို့ကို
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Post ရေးသူ / Zaw Myo Htet



Visit website

No comments:

Post a Comment