Wednesday, January 7, 2015

မော်လူးဒေသ ကိုးတိုက်နယ် သမိုင်းဝင် ဒီပင်္ကရာ စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဈေးဆိုင်ခန်းများ ပန္နက်ရိုက်

မော်လူးဒေသ ကိုးတိုက်နယ် သမိုင်းဝင် ဒီပင်္ကရာ စေတီတော်  ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဈေးဆိုင်ခန်းများ ပန္နက်ရိုက်
မော်လူး | ဇန်နဝါရီ ၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကိုးတိုက်နယ် ဆယ်အုပ်စု၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော သမိုင်းဝင် ဒီပင်္ကရာ စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ရောင်းချကြမည့် ဈေးသည်များအတွက် ဈေးဆိုင်ခန်းများ ဆောက်လုပ်ရန်အတွက် ဆိုင်ခန်းနေရာများ သတ်မှတ်ကာ ပန္နက်ရိုက်ခြင်းကို ဇန်နဝါရီလ ၈ ရက် နံနက် ၇ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။
ဈေးဆိုင်ခန်းများ ပန္နက်ရိုက်ဆောက်လုပ်နေစဉ်ကာလအတွင်း ဈေးဆိုင်ခန်းများရောင်းချခြင်းကို ယခင်နှစ်များကဲ့သို့ မရောင်းချပဲ ဒီပင်္ကရာ စေတီတော် ကွပ်ကဲရေးရုံးတွင် ပြာသို လပြည့်ကျော် ၁၀ ရက်မှ တပို့တွဲ လဆန်း ၉ ရက်အထိ နံနက် ၇ နာရီ မှ နေ့လည် ၁၁နာရီ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီ အချိန်များတွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဆိုင်ခန်းတစ်ခန်း၏ အကျယ်မှာ ၅တောင် ၅တောင်တစ်မိုက်လျှော့များဖြစ်ပြီး တစ်ခန်းလျှင် ၂၀၀၀၀ ကျပ် ပျံကျဆိုင်ခန်းတစ်ခန်းလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချမည် ဖြစ်ကြောင်း ဆိုင်ခန်းရောင်းချခြင်းကို ဒီပင်္ကရာ စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင် ၆ ဦးနှင့် သံဃာတော်သုံးပါးတို့မှ ဦးစီးကြီးကြပ် ရောင်းချမည် ဖြစ်ကြောင်း အမည်ပေါက် ဆိုင်ခန်းပိုင်ရှင်များသည် ကိုယ်တိုင်ပစ္စည်းရောင်းချခြင်းမရှိပဲ အခြားသူများအား ပြန်လည်ရောင်းချခြင်း ငှားရမ်းခြင်းမပြုလုပ်ရကြောင်း ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေတစ်သိန်းအပြင် အမည်ပေါက်ဆိုင်ခန်း ပိုင်ရှင်အဖြစ်မှ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တပို့တွဲလဆန်း ၁၀ ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မန္တလေးမှ ဆန်းလင်းဇာတ်ပွဲဖြင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် ဒေသတွင်း သံဃာတော်များ ပင့်သံဃာများ(၇၀၀)ပါးခန့်နှင့် သီလရှင်ဆရာလေးများ နှင့်ကယ်ပါများကိုပါ ဆွမ်းဆန်စိမ်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်သို့ အထက်မြန်မာပြည် မြစ်ကြီးနားမြို့ မန္တလေးမြို့များနှင့် အခြားမြို့များမှ ဈေးရောင်းချသူများနှစ်စဉ်လာရောက် ရောင်းချကြကြောင်း မြန်မာ့ရိုးရာ စားစရာများ အဝတ်အထည်များ ကလေးကစားစရာများ လယ်ယာသုံးပစ္စည်းများ အစရှိသဖြင့် အမျိုးအစားစုံလင်စွာ ရောင်းချကြသည့် ဘုရားပွဲဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment