Tuesday, January 13, 2015

မော်လူး အရှေ့ကျောင်းတိုက် ဂြိုဟ်ပြေနံပြေ ဆုတောင်းပြည့်စေတီ ရွှေထီးတော် တင်လှူ

 မော်လူး အရှေ့ကျောင်းတိုက် ဂြိုလ်ပြေနံပြေ ဆုတောင်းပြည့်စေတီ
> > စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူပွဲကျင်းပ
> > မော်လူး၊ ဇန်နဝါရီ ၁၃
> > @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> > စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ
> > အရှေ့ကျောင်းတိုက်တွင် ဂြိုလ်ပြေနံပြေ ဆုတောင်းပြည့်စေတီတော်အား
> > စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူပွဲအား ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၁
> > နာရီ ၁၅ မိနစ်အချိန်က ကျင်းပပြုခဲ့ကြောင်း သိရသည်။
> > အခမ်းအနားတွင် ဆရာတော် သံဃာတော်များနှင့် တက်ရောက်လာကြသော
> > ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့
> > ဖွင့်လှစ်ကြပြီး စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူခြင်းကို မော်လူး
> > ဝေဘူဝေဘာတောရကျောင်းမှ ဆရာတော် ဦးအာဒိစ္စဝံသမှ အောင်ခြင်းရှစ်ပါး
> > ဂါထာရွတ်ဆိုခြင်း၊ မော်လူး ဘုရားကြီးကျောင်းတိုက်မှ ဆရာတော် ဦးဝါယမမှ
> > ဇယန္တောဗောဓိယာ ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ပြီး ပရိတ်သတ်အပေါင်းတို့က
> > ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မော်လူး အရှေ့ကျောင်းတိုက်မှ
> > ပန်းဒကာ ဦးတေမှ ဂြိုဟ်ပြေနံပြေ ဆုတောင်းပြည့်စေတီ တည်ထားရာတွင်
> > သာသနာတော်စောင့်နတ်အပေါင်းအား ဖိတ်ကြား၍ အမှားရှိက
> > ခွင့်လွှတ်ရန်တောင်းဆိုခြင်းနှင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ
> > သာသနာတော် သက္ကရာဇ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်
> > ပြာသို့လပြည့်ကျော် ၉ ရက် အင်္ဂါနေ့တွင် ကောင်းမြတ်သော မင်္ဂလာနက္ခတ်နှင်ြ
> > ပည့်စုံသော နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင်  ဂြိုဟ်ပြေနံပြေ
> > ဆုတောင်းပြည့်စေတီအား စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူ ပူဇော်ကာ
> > နေ့လည် ၁ နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ပြီး စိန်းဖူးတော်နှင့်
> > ရွှေထီးတော်တင်လှူပူဇော်ပွဲသို့ လာရောက်ကြသူများအား အာဟာရဒါနများဖြင့်
> > ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်

No comments:

Post a Comment