Tuesday, January 13, 2015

မိုးကြိုးထိမှန် သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ကြေးပေးအပ်

> > မိုးကြိုးပစ်သေဆုံးသူအား ထောက်ပံ့ငွေပေးအပ်
> > မော်လူး၊ ဇန်နဝါရီ ၁၃
> > @@@@@@@@@@@@@@@@@@@@@@@@@@@@@@
> > စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့ အထွေထွေ
> > အုပ်ချုပ်ရေးမှူးရုံးတွင် မိုးကြိုးထိမှန်သေးဆုံးသွားသူ၏ ကျန်ရစ်သူ
> > မိသားစုဝင်အား ဇန်နဝါရီ ၁၂ ရက် နံနက် ၁၁ နာရီအချိန်က ထောက်ပံငွေ
> > ပေးအပ်ခဲ့ကြောင်း သိရသည်။
> > အဆိုပါ မိုးကြိုးထိမှန် သေဆုံးခဲ့သူ မနုနုစိုးသည် အင်းတော်မြို့နယ်၊
> > မော်လူးဒေသ၊ သူရောင်းကျေးရွာအုပ်စု၊ ခိုးကောင်ကျေးရွာတွင်
> > နေထိုင်သူဖြစ်ပြီး  ၂၀၁၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က လယ်ကွင်းထဲတွင်
> > ကောက်စိုက်နေစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့ရခြင်းဖြစ်သည်။
> > ၄င်းသေဆုံးသွားသူ၏ ကျန်ရစ်သူ မိသားစုဝင်အား ထောက်ပံ့ကြေးငွေ
> > တစ်သိန်းကျပ်ကို တိုင်းလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
> > ဋ္ဌာနမှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ငွေကို အင်းတော်မြို့
> > စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်မှ ပေးအပ်ရာ ကျန်ရစ်သည့်
> > မိသားစုဝင်များမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment