Thursday, February 12, 2015

ကျေးရွာချင်းဆက် လမ်းပေါ်ဗရှိတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြင့်တင်





ကျေးရွာချင်းဆက် လမ်းမပေါ်ရှိ အသားတံတားအား ကွန်ကရစ်တံတားအဖြစ် အသစ်တည်ဆောက်
> မော်လူး၊ ဖေဖော်ဝါရီ ၁၂
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာနှင့် ဟောင်းတုန်းကျေးရွာ၊ မြေပလ္လင်ကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်းမပေါ်ရှိ အသားတံတားအား ကွန်ကရစ်တံတားအဖြစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆောက်လုပ်နေကြောင်း သိရသည်။
> အဆိုပါတံတားအား မံဟဲကျေးရွာနေ ဦးခင်မောင်မြင့် + ဒေါ်သန်းသန်းဝေ မိသားစု မတည်လှူဒါန်းငွေ ၁၅ သိန်းကျပ်ဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး၊ မံဟဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညွှန့်ရွှေမှ ဦးဆောင်ကာ ရွာသူ/သားများ လုပ်အားဒါနများဖြင့် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ တံတားမှာ အရှည် ၁၅ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၇ ပေရှိကြောင်း တံတားပြီးစီးသွားပါ ကျေးရွာသူ/သား ဒေသခံများ ခရီးသွားလာရေးတွင် လွယ်ကူချောမွေ့ အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်

No comments:

Post a Comment