Thursday, February 12, 2015

သာယာကုန်း - မြေပလ္လင် ချောင်းကူးတံတားတည်ဆောက်


 မြေပလ္လင်ကျေးရွာနှင့် သာယာကုန်းကျေးရွာအား ဆက်သွယ်ထားသည့် ချောင်းကူးတံတား ပြန်လည် တည်ဆောက်
> မော်လူး၊ ဖေဖော်ဝါရီ ၁၂
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု သာယာကုန်းကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မြေပလ္လင်ကျေးရွာတို့အား ဆက်သွယ်ထားသည့် ချောင်းကူးတံတားအား ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြန်လည်တည်ဆောက်နေကြောင်း သိရသည်။
> အဆိုပါ ကျေးရွာချင်းဆက် ချောင်းကူးတံတားသည် ယခင်နှစ် မိုးရာသီက ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားကာ မျှောပါသွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ပြန်လည် တည်ဆောက်နေကြခြင်း ဖြစ်ကြောင်း၊ တံတားဆောက်လုပ်ရာတွင် ဘက်ဟိုးယာဉ် အကူအညီဖြင့် ဆောက်လုပ်နေပြီး သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှမှ ဦးဆောင်ကာ ကျေးရွာသူ/သားများ၏ လုပ်အားဒါနများဖြင့် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ တံတားဆောက်လုပ်ရန်အတွက်  ပြည်ထောင်စုဝန်ကြီးဋ္ဌာနမှ ခွင့်ပြုရံပုံငွေအဖြစ် ကျပ်သိန်း ၁၅၀ ချမှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ တံတားအရှည်မှာ ပေ ၃၀၀ ခန့်ရှိပြီး၊ ၃၀ ပေခန်း ၄ ခန်း၊ ၄၀ ပေခန်း ၄ခန်း၊ တစ်ခန်းလျှင် အသားတိုင် ၁၀ တိုင်နှုန်း၊ မြေဝင်အနက် ၉ ပေ၊ အမြင့် ၁၅ ပေ၊ အကျယ် ၁၂ ပေရှိ အသားတံတားအဖြစ် ဆောက်လုပ်မည်ဖြစ်ကြောင်း တံတားဆောက်လုပ်ရေးတွင် လုပ်အားဒါနပေးလှူနေသည့် သာယာကုန်းကျေးရွာသားတစ်ဦးမှပြောပြသည်။ 

No comments:

Post a Comment