Monday, February 9, 2015

ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ဒုတိယမြောက် ကဗျာ ၂




ဗိုလ်ချုပ်ရေ ....
****************

မွေးနေ့ နှစ်တစ်ရာ
ယနေ့အထိ မမေ့ပါ
တွေးမိတိုင်း ရင်နာရပါတယ်
ဗိုလ်ချုပ်ရေ ....

စွန့်လွှတ် စွန့်စား
ပေးဆပ်ခြင်းတရားတွေနဲ့
ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေဖြတ်
ပြည်သူတွေအတွက်
ဗမာ့တပ်မတော်ကိုဖွဲ့ခဲ့တယ်
ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီးလေ
ဟော ...
အခုတော့
ဗိုလ်ချုပ်ရေ ...
တပ်မတော်သာ အမိ
တပ်မတော်သာ အဖတဲ့

ပြည်သူတွေကို ကျွန်ပြု
နိုင်ငံကို ပိုင်းခြား
မြစ်တွေကိုပါ ရောင်းစားနေကြတယ်။

နှစ်တစ်ရာပြည့်မှာ
ချစ်စရာ ပီတိစကားတွေနဲ့
သတိရလွမ်းဆွတ်မှုတွေကိုပဲ
ပြောလိုပေမဲ့ ....
ဗိုလ်ချုပ်ရေ .........
•••••••••••••••••
•••••••••••••••••
•••••••••••••••••
       
      သွန်းဆက်ကျော်

No comments:

Post a Comment