Tuesday, February 10, 2015

စေတနာ စာကျက်ဝိုင်း ပြုလုပ်


အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား/သူများအား စာကျက်ဝိုင်းပြုလုပ်
မော်လူး၊ ဖေဖော်ဝါရီ ၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မလူးကျေးရွာ၊ အခြေခံပညာ အလယ်တန်း(ခွဲ)ကျောင်းတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်း ကျောင်းသား/သူများအား အောင်ချက်မြင့်မားရေးအတွက် ဆရာ/မများမှ တာဝန်ယူကာ စာကျက်ဝိုင်းပြုလုပ်လျှက်ရှိကြောင်း သိရသည်။
၂၀၁၄/၁၅ ပညာသင်နှစ်တွင် ပြောင်းလဲလိုက်သည့် ပညာရေးစနစ်ကြောင့် အစိုးရစစ်ဖြစ်သွားသော အဋ္ဌမတန်းနှင့် စတုတ္ထတန်းကျောင်းသား/သူများ အတန်းတင်စာမေးပွဲတွင် ကောင်းမွန်စွာဖြေဆိုနိုင်ပြီး အောင်ချက်မြင့်မားရေးအတွက် မလူးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဝင်း၊ ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိနှင့် နံနက် ၅ နာရီမှ နံနက် ၇ နာရီအထိ စာကျက်ဝိုင်းပြုလုပ်ကာ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် မလူးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ အဋ္ဌမတန်း ကျောင်းသား/သူ (၁၄)ဦး၊ စတုတ္ထတန်း ကျောင်းသား/သူ(၃၄)ဦးဝင်ရောက် ဖြေဆိုကြမည်ဖြစ်ပြီး စာကျက်ဝိုင်းကို အတန်းတင် စာမေးပွဲ ပြီးဆုံးသည်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း စာကျက်ဝိုင်းကို တာဝန်ယူဆောင်ရွက်နေကြသည့် အဋ္ဌမတန်းကျောင်းသား/သူများကို ဆရာမ ဒေါ်ကွန်ရွှေနှင့် စတုတ္ထတန်း ကျောင်းသား/သူများကို ဆရာမ ဒေါ်နှင်းလွင်ဦးတို့မှ တာဝန်ယူကာ စာကျက်ဝိုင်းကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment