Tuesday, March 24, 2015

ေႏြရာသီ ဗုဒၶဘာသာ ယဥ္ေက်းမႈသင္တန္းဖြင့္လွစ္



ဒုတိယအႀကိမ္ေျမာက္ ေႏြရာသီ ဗုဒၶဘာသာ ယဥ္ေက်းမႈသင္တန္းဖြင့္လွစ္
မိုးညွင္း၊ မတ္ ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကခ်င္ျပည္နယ္၊ မိုးညွင္းၿမိဳ႕နယ္၊ ပင္လံုေက်းရြာအုပ္စု၊ နန္႔စီးေအာင္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဒုတိယအႀကိမ္ေျမာက္ ေႏြရာသီ ဗုဒၶဘာသာ ယဥ္ေက်းမႈသင္တန္းကို မတ္လ ၂၀ ရက္ေန႔က စတင္ဖြင့္လွစ္ သင္ၾကားေပးလွ်က္ရွိေၾကာင္း သိရသည္။
"ဒီႏွစ္ ေႏြရာသီေက်ာင္းပိတ္ရက္မွာ ကေလးငယ္ေတြအတြက္ ဗုဒၶဘာသာ ယဥ္ေက်းမႈသင္တန္းကို ဒုတိယအႀကိမ္အျဖစ္ ဖြင့္လွစ္သင္ၾကားေပးေနတာပါ။ တက္ေရာက္လာၾကတဲ့ သင္တန္းသား/သူ ၁၅၀ ဦးခန္႔ကို နံနက္ ၈ နာရီမွ ညေန ၄ နာရီအထိ သင္ၾကားပို႔ခ်ေပးေနပါတယ္။ သင္တန္းကာလကေတာ့ ၁၃၇၆ ခုႏွစ္ တန္ခူးလဆန္း ၁ ရက္ေန႔ကေန တန္ခူးလျပည့္ေန႔အထိ ၾကာျမင့္ပါမယ္။ ဥပုသ္ေန႔တိုင္းကိုလည္း ကေလးေတြကို ဗုဒၶဘာသာ ယဥ္ေက်းမႈ ကဗ်ာရြတ္ဆိုၿပိဳင္ပြဲကိုလည္း ျပဳလုပ္ၿပီး ဆုေတြကိုလည္း ခ်ီးျမွင့္ေပးပါတယ္။ ဒီသင္တန္းဖြင့္လွစ္ရျခင္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ အမ်ိဳးဘာသာ၊ သာသနာေရရွည္တည္တံ့ျပန္႔ပြားေစရန္နဲ႔ ကေလးငယ္ေတြ ဘာသာတရားကို ပိုမိုၾကည္ညိဳကိုင္းရိႈင္းၿပီး အမ်ိဳးဘာသာ၊ သာသနာအက်ိဳးကို ေဆာင္ရြက္ႏိုင္တဲ့ လူေတာ္လူေကာင္းေလးေတြ ျဖစ္လာေစဖို႔အတြက္ ဖြင့္လွစ္ရျခင္းပါ"ဟု ေႏြရာသီ ဗုဒၶဘာသာ ယဥ္ေက်းမႈသင္တန္းကို ဖြင့္လွစ္သင္ၾကားေပးေနသည့္ နန္႔စီးေအာင္ - ေပကုန္း ဘုန္းေတာ္ႀကီးေက်ာင္းမွ ဆရာေတာ္ အရွင္ေကသဝ( သာသန ဓဇ ဓမၼာစရိယ)မွ မိန္႔ၾကားသည္။ ေႏြရာသီ ဗုဒၶဘာသာ ယဥ္ေက်းမႈသင္တန္းကို တက္ေရာက္ေနၾကသည့္ သင္တန္းသား/သူကေလးမ်ားအား အလွဴရွင္မ်ားမွ ေန႔စဥ္ အာဟာရဒါနမ်ားျဖင့္ ေကၽြးေမြးေၾကာင္းသိရသည္။

to read with unicode font

ဒုတိယအကြိမ်မြောက် နွေရာသီ ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းဖွင့်လှစ်
မိုးညှင်း၊ မတ် ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လံုကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် နွေရာသီ ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းကို မတ်လ ၂၀ ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားပေးလှျက်ရှိကြောင်း သိရသည်။
"ဒီနှစ် နွေရာသီကျောင်းပိတ်ရက်မှာ ကလေးငယ်တွေအတွက် ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းကို ဒုတိယအကြိမ်အဖြစ် ဖွင့်လှစ်သင်ကြားပေးနေတာပါ။ တက်ရောက်လာကြတဲ့ သင်တန်းသား/သူ ၁၅၀ ဦးခန့်ကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးနေပါတယ်။ သင်တန်းကာလကတော့ ၁၃၇၆ ခုနှစ် တန်ခူးလဆန်း ၁ ရက်နေ့ကနေ တန်ခူးလပြည့်နေ့အထိ ကြာမြင့်ပါမယ်။ ဥပုသ်နေ့တိုင်းကိုလည်း ကလေးတွေကို ဗုဒ္ဓဘာသာ ယဥ်ကျေးမှု ကဗျာရွတ်ဆိုပြိုင်ပွဲကိုလည်း ပြုလုပ်ပြီး ဆုတွေကိုလည်း ချီးမြှင့်ပေးပါတယ်။ ဒီသင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးဘာသာ၊ သာသနာရေရှည်တည်တံ့ပြန့်ပွားစေရန်နဲ့ ကလေးငယ်တွေ ဘာသာတရားကို ပိုမိုကြည်ညိုကိုင်းရှိုင်းပြီး အမျိုးဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်နိုင်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာစေဖို့အတွက် ဖွင့်လှစ်ရခြင်းပါ"ဟု နွေရာသီ ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေသည့် နန့်စီးအောင် - ပေကုန်း ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် အရှင်ကေသဝ( သာသန ဓဇ ဓမ္မာစရိယ)မှ မိန့်ကြားသည်။ နွေရာသီ ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းကို တက်ရောက်နေကြသည့် သင်တန်းသား/သူကလေးများအား အလှူရှင်များမှ နေ့စဥ် အာဟာရဒါနများဖြင့် ကျွေးမွေးကြောင်းသိရသည်။


No comments:

Post a Comment