Tuesday, March 24, 2015

နန့်စီးအောင် - မိုးညှင်းလမ်းပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီး



မိုးညှင်း ၊ မတ် ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ယင်းလမ်းပိုင်းအား ကတ္တရာခင်းခြင်းလုပ်ငန်းကို အထူးစီမံကိန်းကြီး၊ အထူးအဖွဲ့ခွဲကြီး(၂)မှ ၂၀၁၄/၁၅ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် နန့်စီးအောင် - မိုးညှင်းလမ်းပိုင်း(မိုင်တိုင်အမှတ် ၁၆၈/၀ မှ ၁၈၃/၄ အတွင်း)တွင် ကတ္တရာခင်းခြင်းနှင့် သစ်သားတံတားတည်ဆောက်ခြင်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အကျယ် ၂၄ ပေရှိ ကတ္တရာလမ်းအဖြစ် ၁ မိုင် ၂ ဖာလုံ၊ အကျယ် ၁၂ ပေရှိ ကတ္တရာလမ်းအဖြစ် ၆၉ ဖာလုံတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကတ္တရာလမ်းခင်းခြင်းနှင့် သစ်သားတံတားတည်ဆောက်ခြင်းများကို အထူးစီမံကိန်းကြီး၊ အထူးအဖွဲ့ခွဲကြီး (၂)မှ ဒု အင်ဂျင်နီယာမှူးကြီး ဦးသန်းမြင့်၊ တာဝန်ခံအင်ဂျင်နီယာ အငယ်တန်း (၂) ဦးရဲအောင်တို့မှ တာဝန်ယူကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လမ်းတံတားများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာနေကြသည့် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်မော်တော်ယာဉ်များ၊ ကိုယ်ပိုင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ စိတ်ချမ်းမြေ့စွာဖြင့် မောင်းနှင်သွားလာနိုင်ကြပြီး သွားလာဆက်သွယ်ရေး လွယ်ကူချောမွေ့သဖြင့် ဒေသခံပြည်သူများမှလည်း ဝမ်းသာပျော်ရွှင်လျှက်ရှိကြောင်း သတင်းရရှိသည်။

to read with unicode font


 ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမပေါ်ရှိ နန့်စီးအောင်-မိုးညှင်းလမ်းပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
မိုးညှင်း ၊ မတ် ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းကြီးဖြတ်သန်းသွားရာ ကချင်ပြည်နယ်၊ နန့်စီးအောင် - မိုးညှင်းလမ်းပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယင်းလမ်းပိုင်းအား ကတ္တရာခင်းခြင်းလုပ်ငန်းကို အထူးစီမံကိန်းကြီး၊ အထူးအဖွဲ့ခွဲကြီး(၂)မှ ၂၀၁၄/၁၅ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် နန့်စီးအောင် - မိုးညှင်းလမ်းပိုင်း(မိုင်တိုင်အမှတ် ၁၆၈/၀ မှ ၁၈၃/၄ အတွင်း)တွင် ကတ္တရာခင်းခြင်းနှင့် သစ်သားတံတားတည်ဆောက်ခြင်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အကျယ် ၂၄ ပေရှိ ကတ္တရာလမ်းအဖြစ် ၁ မိုင် ၂ ဖာလံု၊ အကျယ် ၁၂ ပေရှိ ကတ္တရာလမ်းအဖြစ် ၆၉ ဖာလံုတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကတ္တရာလမ်းခင်းခြင်းနှင့် သစ်သားတံတားတည်ဆောက်ခြင်းများကို အထူးစီမံကိန်းကြီး၊ အထူးအဖွဲ့ခွဲကြီး (၂)မှ ဒု အင်ဂျင်နီယာမှူးကြီး ဦးသန်းမြင့်၊ တာဝန်ခံအင်ဂျင်နီယာ အငယ်တန်း (၂) ဦးရဲအောင်တို့မှ တာဝန်ယူကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လမ်းတံတားများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ နေ့စဥ်ဖြတ်သန်းသွားလာနေကြသည့် ကုန်တင်ယာဥ်ကြီးများ၊ ခရီးသည်တင်မော်တော်ယာဥ်များ၊ ကိုယ်ပိုင်မော်တော်ယာဥ်များ၊ မော်တော်ဆိုင်ကယ်များ စိတ်ချမ်းမြေ့စွာဖြင့် မောင်းနှင်သွားလာနိုင်ကြပြီး သွားလာဆက်သွယ်ရေး လွယ်ကူချောမွေ့သဖြင့် ဒေသခံပြည်သူများမှလည်း ဝမ်းသာပျော်ရွှင်လှျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment