Tuesday, March 31, 2015

တရားမဝင် တမလန်း ဓါးရွေတုံးများ ဖမ်းဆီးရမိ



တရားမဝင် တမလန်းဓါးရွေတုံးများ ဖမ်းဆီးရမိ
အင်းတော်၊ မတ် ၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာအုပ်စု၊ ပင်ဝဲကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ တောထဲတွင် တရားမဝင် တမလန်းဓါးရွေတုံးများကို မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မတ်လ ၂၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က အင်းတော်မြို့နယ် သစ်တောဦးစီးဋ္ဌာနမှ တောအုပ်ကြီး မောင်ဦး၊ တောအုပ်ကြီး မြင့်စိုး၊ တောအုပ် လင်းထိန်တို့နှင့်အတူ ပင်ဝဲကျေးရွာ ရဲကင်းမှူး ရဲအုပ် မင်းသိန်းထွန်းတို့မှ သစ်တောမှုများကို သတင်းအရရှာဖွေရာ ပင်ဝဲကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာ တောအတွင်း၌ တမလန်းသစ် ဓါးရွေတုံး ၁၉ တုံး(၁.၇၂၉၆ တန်) ကာလတန်ဘိုး ၄၂၂၀၀၀ကျပ်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ယင်းတမလန်းသစ် ဓါးရွေတုံးများအား ပင်ဝယ်ကျေးရွာ သစ်တောရုံးအတွင်းသို့ သယ်ယူသိမ်းဆည်းထားပြီး သစ်တောဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
to read with unicode font

တရားမဝင် တမလန်းဓါးရွေတံုးများ ဖမ်းဆီးရမိ
အင်းတော်၊ မတ် ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝဲကျေးရွာအုပ်စု၊ ပင်ဝဲကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ တောထဲတွင် တရားမဝင် တမလန်းဓါးရွေတံုးများကို မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မတ်လ ၂၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က အင်းတော်မြို့နယ် သစ်တောဦးစီးဋ္ဌာနမှ တောအုပ်ကြီး မောင်ဦး၊ တောအုပ်ကြီး မြင့်စိုး၊ တောအုပ် လင်းထိန်တို့နှင့်အတူ ပင်ဝဲကျေးရွာ ရဲကင်းမှူး ရဲအုပ် မင်းသိန်းထွန်းတို့မှ သစ်တောမှုများကို သတင်းအရရှာဖွေရာ ပင်ဝဲကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာ တောအတွင်း၌ တမလန်းသစ် ဓါးရွေတံုး ၁၉ တံုး(၁.၇၂၉၆ တန်) ကာလတန်ဘိုး ၄၂၂၀၀၀ကျပ်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ယင်းတမလန်းသစ် ဓါးရွေတံုးများအား ပင်ဝယ်ကျေးရွာ သစ်တောရံုးအတွင်းသို့ သယ်ယူသိမ်းဆည်းထားပြီး သစ်တောဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်စစ်ဆေး ဆောင်ရွက်လှျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment