Tuesday, March 31, 2015

ယဥ္ေက်း လိမၼာႏွင့္ အေျခခံအဂၤလိပ္စာ သင္တန္းဆင္းပြဲ က်င္းပ


ယဥ္ေက်းလိမၼာသင္တန္းႏွင့္ အေျခခံအဂၤလိပ္စာ သင္တန္းဆင္းပြဲက်င္းပ
 ေမာ္လူး၊ မတ္ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ္ကိုင္းတိုင္းေဒသႀကီး၊ အင္းေတာ္ၿမိဳ႕နယ္၊ ေမာ္လူးေဒသ၊
ကူးဆိပ္-ခိုးေကာင္ေက်းရြာ အေျခခံပညာ မူလတန္းလြန္ေက်ာင္းတြင္ မတ္လ ၃၀ ရက္
ေန႔လည္ ၁ နာရီ ၃၀ မိနစ္က ပဥၥမအႀကိမ္ေျမာက္ ယဥ္ေက်းလိမၼာသင္တန္းႏွင့္
အေျခခံအဂၤလိပ္စာ သင္တန္းဆင္းပြဲ အခမ္းအနားကို က်င္းပျပဳလုပ္ခဲ့ေၾကာင္း
သိရသည္။အခမ္းအနားသို႔ ယဥ္ေက်းလိမၼာသင္တန္း ျဖစ္ေျမာက္ေရး အက်ိဳးေတာ္ေဆာင္ နာယက
ကူးဆိပ္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတိုက္ ေက်ာင္းထိုင္ဆရာေတာ္ ဘဒၵႏ ၱ ကာလိႏၵ၊ သင္တန္းနည္းျပဆရာေတာ္ မႏ ၱေလးတိုင္း အမရပူၿမိဳ႕၊
မဟာဂႏၶာရံုေက်ာင္းတိုက္မွ ဘဒၵႏ ၱ အဂၢဝံသ၊ မႏ ၱေလးၿမိဳ႕
ယဥ္ေက်းလိမၼာသင္တန္းမွ နည္းျပဆရာေတာ္ ဘဒၵႏ ၱ ပညာသာမိ၊ မန္းေရတံခြန္ေတာင္
ယဥ္ေက်းလိမၼာသင္တန္းမွ နည္းျပဆရာမ ေဒၚစုစုမာ၊ သင္တန္းႀကီးၾကပ္ေရးမွဴး
 ဦးဝင္းေမာင္( ကူးဆိပ္-ခိုးေကာင္ မူလြန္ ေက်ာင္းအုပ္ႀကီး)၊
သင္တန္းႀကီးၾကပ္ေထာက္ကူျပဳ ဆရာ/မ ၁၅ ဦး၊ ေမာ္လူးတိုက္နယ္ေဆးရံု
ဆရာဝန္မႀကီး ေဒါက္တာ လာမာမီး၊ ေမာ္လူးနယ္ေျမ ရဲတပ္ဖြဲ႕စခန္း စခန္းမွဴး
 ရဲအုပ္ေအးမင္းသိန္း၊ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးႏွင့္
ရာအိမ္မွဴးမ်ား၊ အလွဴရွင္မ်ား၊ သင္တန္းသား/သူ ၂၂၃ ဦးႏွင့္ ယင္းတို႔၏
မိဘမ်ားတက္ေရာက္ခဲ့ၾကသည္။ သင္တန္းဖြင့္လွစ္ရျခင္းႏွင့္ ပတ္သက္ၿပီး နာယက
 ဆရာေတာ္ႏွင့္ သင္တန္းနည္းျပ ဆရာေတာ္မ်ားမွ အသီးသီးရွင္းလင္းမိန္႔ၾကားၾကသည္။ ထို႔ေနာက္ တိုက္နယ္ဆရာဝန္
 ေဒါက္တာလာမာမီးမွ က်န္းမာေရး အသိပညာေပး ဗဟုသုတမ်ားကို ေဟာေျပာခဲ့ၿပီး
စခန္းမွဴး ရဲအုပ္ ေအးမင္းသိန္းမွ ကေလးသူငယ္မ်ား သိသင့္သိထိုက္သည့္
မႈခင္းက်ဆင္းေရး အသိပညာေပးအေၾကာင္းမ်ားကို ေဟာေျပာခဲ့ေၾကာင္း၊
ေက်ာင္းအုပ္ဆရာႀကီး ဦးဝင္းေမာင္မွ ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားကာသင္တန္းတြင္ ထူးခၽြန္ဆုရရွိၾကသည့္ သင္တန္းသား/သူမ်ားကို ဆုမ်ား
အသီးသီးေပးအပ္ခ်ီးျမွင့္ကာ တက္ေရာက္ၾကလာၾကသူမ်ားကို အာဟာရဒါမ်ားျဖင့္
တည္ခင္းဧည့္ခံ ေကၽြးေမြးခဲ့ေၾကာင္း သိရသည္။  ယဥ္ေက်းလိမၼာသင္တန္း
ဖြင့္လွစ္ သင္ၾကားရျခင္း၏ ရည္ရြယ္ခ်က္မွာ ကေလးသူငယ္မ်ား စိတ္ဓာတ္ျမင့္မားလာေစရန္၊ မေကာင္းသည့္ အျပဳအမူ အေျပာအဆိုမ်ား
 ေရွာင္ရွားၿပီး၊ ေကာင္းမြန္ေသာ စိတ္ရင္းစိတ္ဓာတ္မ်ား
ေမြးထုတ္လာႏိုင္ေစရန္ သင္တန္းမွ ေပးေသာ အသိတစ္ခုမွသည္ တိုးတက္ျမင့္မားေသာ
ဘဝတစ္ခုကို ထူေထာင္ႏိုင္ေစရန္ ရည္ရြယ္၍ ဖြင့္လွစ္ရျခင္းျဖစ္ေၾကာင္း
သင္တန္းနည္းျပ ဆရာေတာ္တစ္ပါးမွ မိန္႔ၾကားသည္

to read with unicode font

ယဥ်ကျေးလိမ္မာသင်တန်းနှင့် သင်တန်းဆင်းပွဲကျင်းပ
 မော်လူး၊ မတ် ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
ကူးဆိပ်-ခိုးကောင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် မတ်လ ၃၀ ရက်
နေ့လည် ၁ နာရီ ၃၀ မိနစ်က ပဥ္စမအကြိမ်မြောက် ယဥ်ကျေးလိမ္မာသင်တန်းနှင့်
အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။အခမ်းအနားသို့ ယဥ်ကျေးလိမ္မာသင်တန်း ဖြစ်မြောက်ရေး အကျိုးတော်ဆောင် နာယက
ကူးဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန ္တ ကာလိန္ဒ၊ သင်တန်းနည်းပြဆရာတော် မန ္တလေးတိုင်း အမရပူမြို့၊
မဟာဂန္ဓာရံုကျောင်းတိုက်မှ ဘဒ္ဒန ္တ အဂ္ဂဝံသ၊ မန ္တလေးမြို့
ယဥ်ကျေးလိမ္မာသင်တန်းမှ နည်းပြဆရာတော် ဘဒ္ဒန ္တ ပညာသာမိ၊ မန်းရေတံခွန်တောင်
ယဥ်ကျေးလိမ္မာသင်တန်းမှ နည်းပြဆရာမ ဒေါ်စုစုမာ၊ သင်တန်းကြီးကြပ်ရေးမှူး
 ဦးဝင်းမောင်( ကူးဆိပ်-ခိုးကောင် မူလွန် ကျောင်းအုပ်ကြီး)၊
သင်တန်းကြီးကြပ်ထောက်ကူပြု ဆရာ/မ ၁၅ ဦး၊ မော်လူးတိုက်နယ်ဆေးရံု
ဆရာဝန်မကြီး ဒေါက်တာ လာမာမီး၊ မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်း စခန်းမှူး
 ရဲအုပ်အေးမင်းသိန်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်
ရာအိမ်မှူးများ၊ အလှူရှင်များ၊ သင်တန်းသား/သူ ၂၂၃ ဦးနှင့် ယင်းတို့၏
မိဘများတက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး နာယက
 ဆရာတော်နှင့် သင်တန်းနည်းပြ ဆရာတော်များမှ အသီးသီးရှင်းလင်းမိန့်ကြားကြသည်။ ထို့နောက် တိုက်နယ်ဆရာဝန်
 ဒေါက်တာလာမာမီးမှ ကျန်းမာရေး အသိပညာပေး ဗဟုသုတများကို ဟောပြောခဲ့ပြီး
စခန်းမှူး ရဲအုပ် အေးမင်းသိန်းမှ ကလေးသူငယ်များ သိသင့်သိထိုက်သည့်
မှုခင်းကျဆင်းရေး အသိပညာပေးအကြောင်းများကို ဟောပြောခဲ့ကြောင်း၊
ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာသင်တန်းတွင် ထူးချွန်ဆုရရှိကြသည့် သင်တန်းသား/သူများကို ဆုများ
အသီးသီးပေးအပ်ချီးမြှင့်ကာ တက်ရောက်ကြလာကြသူများကို အာဟာရဒါများဖြင့်
တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။  ယဥ်ကျေးလိမ္မာသင်တန်း
ဖွင့်လှစ် သင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးသူငယ်များ စိတ်ဓာတ်မြင့်မားလာစေရန်၊ မကောင်းသည့် အပြုအမူ အပြောအဆိုများ
 ရှောင်ရှားပြီး၊ ကောင်းမွန်သော စိတ်ရင်းစိတ်ဓာတ်များ
မွေးထုတ်လာနိုင်စေရန် သင်တန်းမှ ပေးသော အသိတစ်ခုမှသည် တိုးတက်မြင့်မားသော
ဘဝတစ်ခုကို ထူထောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း
သင်တန်းနည်းပြ ဆရာတော်တစ်ပါးမှ မိန့်ကြားသည်

No comments:

Post a Comment