Friday, March 27, 2015


မော်လူး | မတ် ၂၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ပုန်းဟုန်ကျေးရွာအုပ်စု တောင်ဖီလာကျေးရွာတွင် မတ်လ ၂၇ ရက် နံနက် ၆ နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။
ကြိုးဆွဲချ သေဆုံးနေသူမှာ တောင်ဖီလာကျေးရွာ မြကလျာရပ်ကွက် (စီ)လမ်းနေ ဦး.....(၄၀)နှစ်သည် နေအိမ်အိပ်ခန်း၏ ၁၀ ပေခန့်အမြင့်ရှိ ထုပ်တန်းတွင် အဖြူရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရသည်။၎င်းမှာ ကျန်းမာရေးမကောင်းဖြစ်ပြီး ရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း ထိုရောဂါဝေဒနာကို မခံစားနိုင်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချကာ သေကြောင်းကြံစည်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှထံမှ သိရသည်။ သေဆုံးသူအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ရန် နံနက် ၁၀ခန့်တွင် ရဲဆေးစာဖြင့် မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အမှုနှင့်စပ်လျဉ်း၍ မော်လူးရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ် အေးမင်းသိန်းမှ သေမှုသေခင်း အမှတ်စဉ် (၂/၁၅) ဖြင့် အမှုဖွင့်ကာ တာဝန်ယူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

to read with unicode font

ကြိုးဆွဲချ သေကြောင်းကြံသွားသည့် တောင်ဖီလာကျေးရွာမှ အသက် ၄၀ ခန့်ရှိ အမျိုးသား
မော်လူး | မတ် ၂၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ပုန်းဟုန်ကျေးရွာအုပ်စု တောင်ဖီလာကျေးရွာတွင် မတ်လ ၂၇ ရက် နံနက် ၆ နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆံုးနေကြောင်း သိရသည်။
ဖြစ်စဥ်မှာ မော်လူးရဲတပ်ဖွဲ့စခန်းသို့ မတ်လ ၂၇ရက် နံနက် ၈ နာရီအချိန်တွင် တောင်ဖီလာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြီးအောင်က ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ရာ မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ အခင်းဖြစ်ရာသို့ သွားရောက်ခဲ့ကြသည်။
ကြိုးဆွဲချ သေဆံုးနေသူမှာ တောင်ဖီလာကျေးရွာ မြကလျာရပ်ကွက် (စီ)လမ်းနေ ဦး.....(၄၀)နှစ်သည် နေအိမ်အိပ်ခန်း၏ ၁၀ ပေခန့်အမြင့်ရှိ ထုပ်တန်းတွင် အဖြူရောင်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆံုးနေသည်ကို တွေ့ရှိရသည်။၄င်းမှာ ကျန်းမာရေးမကောင်းဖြစ်ပြီး ရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း ထိုရောဂါဝေဒနာကို မခံစားနိုင်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချကာ သေကြောင်းကြံစည်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှထံမှ သိရသည်။ သေဆံုးသူအား ဓမ္မတာအတိုင်း သေဆံုးခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ရန် နံနက် ၁၀ခန့်တွင် ရဲဆေးစာဖြင့် မော်လူးတိုက်နယ်ဆေးရံုသို့ ပို့ဆောင်ခဲ့ကြောင်း အမှုနှင့်စပ်လျဥ်း၍ မော်လူးရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ် အေးမင်းသိန်းမှ သေမှုသေခင်း အမှတ်စဥ် (၂/၁၅) ဖြင့် အမှုဖွင့်ကာ တာဝန်ယူ စစ်ဆေးဆောင်ရွက်လှျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment