Thursday, May 21, 2015

မော်လူး- မန္တလေး | မန္တလေး - မော်လူး မှန်လုံယာဉ်လိုင်း ဇွန် ၂ ရက်နေ့တွင် စတင်ပြေးဆွဲမည်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့သို့ ခရီးသည်တင် မှန်လုံယာဉ်လိုင်းကို ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ မော်လူးမှ လိုက်ပါစီးနင်းကြမည့် ခရီးသည်များအား အိမ်အရောက် လာကြိုပေးမည် ဖြစ်ပြီး မန္တလေးမြို့မှ လိုင်ပါစီးနင်းလာသူများအားလည်း နေအိမ်အရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယာဉ်စီးခနှုန်းထားမှာ ခရီးသည် တစ်ဦးလျှင် ၁၅၀၀၀ ကျပ်နှုန်း သတ်မှတ်ထားကြောင်း မော်လူးမှ ည ၇ နာရီ ထွက်ခွာပြီး မန္တလေးမြို့မှ ထွက်ခွာချိန်မှာ ညနေ ၅ နာရီဖြစ်ကြောင်း လက်မှတ်ဝယ်ယူရမည့် နေရာနှင့် ဖုန်းနံပါတ်များကို မကြာမီရက်ပိုင်းတွင် ဗီနိုင်းချိတ်ဆွဲ ကြေညာပေးမည်ဖြစ်ကြောင်း ပြေးဆွဲမည့် ယာဉ်လိုင်းအမည်မှာ ရွှေယောမန်းဖြစ်ကြောင်း မော်လူးသတင်းအဖွဲ့မှ သတင်းရရှိပါသည်။

No comments:

Post a Comment