Friday, May 1, 2015

နန့်ရုံ-နမီးကားလမ်းမ စုပေါင်းပြုပြင်

 စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင်ဧပြီ ၂၇
> ရက်နေ့ကနန့်ရုံ-နမီးကားလမ်းမကြီး ကိုစုပေါင်းပြုပြင်ခဲ့ကြောင်းသိရသည်။
> ထိုသို့ဆောင်ရွက်ရာတွင်နန့်ရုံကျေးရွာရာအိမ်မှူးဦးလှမျိုးအောင်
> လမ်းဖြစ်မြောက်ရေးအကျိုတော်
> ဆောင်ဦးသောင်းညိုနှင့်ဒေသခံများကမော်လူးထုံးတောင်မှော်မှ
> ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ ဖြစ်သောဓူဝံကြယ်ကုမ္ပဏီနှင့်
> အိမ်မက်ကျောက်ကုမ္ပဏ်ီမှဘက်ဟိုးယန္တယား ၂စီး၊ မြေသယ်ယာဉ် ၄စီး တို့ဖြင့်
> လမ်းအကျယ် ၁၈ပေ၊ အရှည် ၃မိုင်ကို နန်ရုံကျေးရွာဘော့လုံးကွင်းမှ စတင်ကာ
> သဲကျောက်များခင်းခြင်းလုပ်ငန်းကို
> ၀ိုင်းဝန်းကူညီဆောင်ရွက်လုပ်ကိုင်ကြသည်။
> …ဒီကားလမ်းမကို ရွှေလေးတန်ကားလမ်းမလို့ခေါ်ပါတယ် ။
> အခုလိုပွင့်လင်းရာသီမှာသွားလာရတာ အဆင်ပြေပေမဲ့ မိုးတွင်းမှာသွားလာလို့
> ခက်ခဲပါတယ် ။ ဒါကြောင့်ကျွှန်တော်တို့ဒေခံတွေနဲ့ ခရီးသွားတွေ
> နွေမိုးဆောင်ရာသီမရွေးသွားလာလို့ရအောင်  ကျောက်မျက်တူးဖေါ်ရေးကုမ္ပဏီက
> အကူအညီတွေနဲ့ တက်ညီ လက်ညီ ၀ိုင်းဝန်းလုပ်ဆောင် နေတာပါ ။ဒီကားလမ်းမကြီးဟာ
> အင်းတော်မြို့နယ်ပါမက ဗန်းမောက်မြို့နယ် အထိပါသွားလာနေကြတဲ့
> အရေးပါတဲ့ကားလမ်းမပါ ။ ဒါကြောင့်မို့
> အချိန်မီပြီးစီးအောင်ဆောင်ရွက်နေပါတယ်..
> ဟုလမ်းဖြစ်မြောက်ရေးအကျိုးတော်ဆောင်ဖြစ်သူ နန့်ရုံကျေးရွာနေသူ
> ဦးသောင်းညိုကပြောသည်။ ယင်းကားလမ်းမကြီးကို ဧပြီ ၂၇ရက်မှမေ၂ရက်နေ့ထိ
> လမ်းအရှည် ၃မိုင်ကို
> သဲကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
> နန်ရုံကျေးရွာမှ ရွှေလေးတန်ချောင်းကူးတံတားထိ
> ကျေးရွာအတွင်းအရှည်၁မိုင်ကိုဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
> ၄င်းကပြောပြသည်


No comments:

Post a Comment