Sunday, January 3, 2016

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲသို့ ပေးပို့လာသည့် သတ္တမမြောက် ကဗျာ

လွတ်လပ်ရေး
@@@@@@
သာကီမျိုးဟေ့ ၊ တို့ဗမာ
ကြွေးကြော်ကာလေ
နေထိုင်လာခဲ့ ….။
ကျူးကျော်လာသူ ကုလားဖြူတွေကို
ဝါးရင်းတုတ်ကိုင် နှိပ်နင်းခဲ့ပေါ့ …။
ကုန်းဘောင်ခေတ်ရဲ့ ရာဇဝင်
သီပေါဘုရင်ကြောင့်
မှေးမှိန်ခဲ့ပေါ့ …..။
သူ့ကျွန်အဖြစ် နွံ့နစ်မခံ
တွန်းလှန်တော်လှန် တိုက်ခိုက်ခဲ့ကြ
ဗမာသွေးတို့ ရဲရဲနီ
သိုးဆောင်းသားတို့ တုန်လှုပ်ခဲ့ရ ။
မြန်မာပြည်ရဲ့ ခေါင်းဆောင်ဟာ
နတ်မောက်မြို့က ပေါ်ထွက်လာ
အမည်သညာ အောင်ဆန်းပါတဲ့ . . .။
ပြည်သူ့ဆန္ဒ ဦးရွက်ကာ
အသက်ပေးကာ ယူဆောင်ပေးခဲ့ …
လွတ်လပ်ရေး …ဟေ့….
လွတ်လပ်ရေး ……
မြန်မာပြည်ရဲ့ လွတ်လပ်ရေး . . .။
ကိုဥာဏ် (ဟဲနု) 

No comments:

Post a Comment