Sunday, January 3, 2016

ကဗျာပြပွဲအတွက် နဝမမြောက် ပေးပို့ထားသည့် ကဗျာ

တို့ပြေ တို့မြေ
@@@@@@
"တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ
တို့ပြေ …
တို့မြေ …
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ …."
ကလေးဘဝက ဆိုခဲ့ကြရပေါ့ ….
တရားမျှတခြင်း လွတ်လပ်ခြင်းတွေနဲ့
မသွေဖည်တဲ့
ငါတို့ရဲ့ ပြေ(ပြည်)
ငါတို့ရဲ့ မြေ
တိုင်းပြည်ကြီး ငြိမ်းချမ်း
တိုင်းရင်းသားတွေ ငြိမ်းချမ်း
ငြိမ်းချမ်း ….
အေးဆေးငြိမ်းချမ်း …………
………………………………
................................
သေနတ်သံတွေ မကြားရဘူး
စစ်ဘေးရှောင် စခန်းတွေမရှိဘူး
သယံဇာတကျိန်စာတွေ မသင့်ဘူး။
ခွင့်တူညီမျှခြင်း
သမ္မတကြီးလည်း ပြည်သူ
ပြည်သူတွေကလည်း ပြည်သူ
ဘယ်သူမှ အခွင့်အရေးပိုမယူကြတဲ့မြေ ….
ချစ်စရာ ဘယ်လောက်ကောင်းလိုက်လေသလဲ
လွတ်လပ်ပါစေ မြန်မာပြေ(ပြည်)….
ငြိမ်းချမ်းပါစေ မြန်မာပြေ(ပြည်)….
ခွင့်တူညီမျှပါစေ မြန်မာပြေ(ပြည်)…..။
၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုလျှက်
ခရေဖြူ (1.1.2016)
8:00 pm

No comments:

Post a Comment