Tuesday, August 23, 2016

ဒီတစ်ခါတော့တရားဝင်ပြောပြီ အခြေခံပညာက ဝန်ထမ်းများ လစာတိုးမည်တဲ့



အခြေခံပညာဝန်ထမ်းများကို လစာတိုးပေးမည်
===============
အခြေခံပညာရေးတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ များကို လစာတိုးပေး
သွားမည်ဖြစ်ကြောင်း အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောသည်။
`` အခြေခံပညာရေးတွင် တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေကို လစာတိုးပေးသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ အခြေခံဦးစီးဌာနမှာ ငွေ၁၀၀ရရင် ၈၅ ရာခိုင်နှုန်းက အခြေခံပညာမှာရှိတဲ့ ဆရာ၊ဆရာမ ၀န်ထမ်းတွေအတွက် အသုံးပြုတာပါ။ ဒါကြောင့် လစာတိုးပေးဖို့ စီမံချက်ရှိပါတယ်``ဟု ဦးအောင်သန်းဦးက ပြောသည်။
အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သြဂုတ်လ၂၃ရက်က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အခြေခံပညာရေးဝန်ထမ်း ဆရာ၊ဆရာမ များကို လစာတိုးပေးရန် အစီအစဉ်များပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အခြေခံပညာဦးစီးဌာနတွင် ဆရာ၊ဆရာမအပါအ၀င် ၀န်ထမ်းအင်အား ၄သိန်းကျော်ရှိကြောင်း သိရသည်။

No comments:

Post a Comment