Tuesday, August 23, 2016

မော်လူးမြို့ အရှေ့ကျောင်းတိုက်ဆရာတော် ဦးနန္ဒောဘာသ ဘဝနတ်ထံစံလွန်တော်မူခြင်း  (၅ )နှစ်ပြည့် ဆွမ်းသင်္ကန်းကပ် ဓမ္မသဘင်ကျင်းပ ပူဇော်မည်




မော်လူးမြို့ အရှေ့ကျောင်းတိုက်ဆရာတော်
ဦးနန္ဒောဘာသ ဘဝနတ်ထံစံလွန်တော်မူခြင်း
 (၅ )နှစ်ပြည့် ဆွမ်းသင်္ကန်းကပ် ဓမ္မသဘင်ကျင်းပ ပူဇော်မည်
၁၃၇၈ ခုနှစ် ဝါခေါင်လပြည့်ကျော် (၁၀ )ရက်၁၃၇၆ ခုနှစ် ဝါခေါင်လပြည့်ကျော်  ၁၄  ရက်

မော်လူးမြို့
အရှေ့ကျောင်းတိုက်ဆရာတော်
ဆရာတော် ဦးနန္ဒောဘာသ မဟာထေရ်
စံလွန်တော်ခြင်း
ငါးနှစ်ပြည့်
အာစရိယဂုဏ ပူဇာ ဆွမ်းသင်္ကန်းကပ်
မင်္ဂလာကျင်းပမည်
တပည့်တကာ တကာမအပေါင်းတို့အား
အကြောင်းကြားသိစေပါသည်




ကျေးဇူးတော်ရှင် ဆရာတော်ကြီးဤကျောင်းတိုက်တွင်
သာသနာတော်ကြီးအတွက် 
သာသနာ့အဆောက်ဦးတွေတည်ဆောက်သွားခဲ့သည်
လောကအတွက် ကောင်းကျိုးတွေပြုပြီး
ပြန်လည်မဆုံတွေ့နိုင်သောခွဲခွာခြင်းမျိုးနဲ့
ထွက်ခွာသွားခဲ့ပါပြီ
ဤအရှင်သည်လည်း ဆရာတော်နည်းတူ
ဘယ်ရက် ဘယ်နေ့ ထက်ခွာသွားရမည်မ
သိချေ

မမြင်နိုင်သောသံသရာခရီး ဘယ်လိုဆက်ရမည်နည်း
မန္တလေးမှ ပြည်တော်ပြန်ခရီးစဉ်လေးတွင်
ဆရာတော်ကြီး၏ ကျန်းမာရေးသည်
တစ်နေ့
်ထက် တစ်နေ့  ဆိုး လာသဖြင့်
မော်လူးပြန်ရန် ပြင်ဆင်ရတော့သည်

၂၅ ၈ ၂၀၁၁

မန္တလေးမြို့ ကျောက်ကပ် နှင့်နှလုံးအထူးကု ဆေးရုံကြီးမှ
နံနက် ၄ နာရီ ထွက်ခွာလာကြရာ
မိုးကသဲကြီးမဲကြီးရွာသွန်းနေ၏
ရှပ်ပြေး မော်တော် ထွက်ဖို့ ဟန်ရေးပြင်နေပြီ
ကြိုတင်လက်မှတ်ဖြတ်ထားသော်လည်း
နောက်ျနေ၍ နေရာမရဖြစ်ခဲ့ရာ
တာဝန်ရှိသူနဲ့တွေ့သော်လည်းမရ
 အရင်ရောက်နှင့်သူတွေက

နေရာဦးထားကြသည်
ပစ္စည်းတွေတန်းစီထားကြ တစ်ချို့ကအိပ်နေကြ
တစ်ချို့ ချေဆင်း ထားကြ
ကျန်းမာရေးမကောင်းတဲ့ဆရာတော်အတွက် တစ်နေရာစာလေးတောင်းသော်လည်း
ခရီးသည်တွေ ကတစ်နေရာသော် ဖယ်မပေးကြ
ဘယ်လိုမှပြောမရတဲ့
နောက်ဆုံးမှာတော့ အနားရှိနေတဲ့ ကိုတင်ရွှေနဲ့အတူ

ခရီးသည်များအား တစ်နေရာအတွက်ရရှိရန်
အရှင်သည်လက်အုပ်ချီကာ ဒူးထောက်ပြီး
တောင်းရပါတော့သည်
ထိုအခါမှ အိပ်နေသူလေည်းထ ကြပါ၏
ပစ္စည်းတွေင်္ဆွဲင်္စုကြပါ၏်
သံဝေဂဖြစ်စရာ
@@@@@#@@@

မြင်ရသည့်တစ်ရက်ပစ္စုပ္ပန် ခရီး သော်မှ
နေရာကောင်း ကို စိတ်ချမ်းချမ်းသာသာ
သွားချင်နေကြသေးလျင်

သံသရာခရီးအတွက်
နေရာကောင်းရောက်ဖို့
အရေးကြီးပါတယ်

ကိလေသာမီး သောကမီးတွေ
ညီးညီးပြောင်
အမြဲတောက်လောင်နေပါလျက်
ဘာကြောင့်ပျော်ရွှင်ဝမ်းမြောက်နေသလဲ
အမှောင်ထုကြီး ကာဆီးပိတ်ဖုံးထားပါလျက်
ဘာကြောင့်လင်းရာကို
မရှာကြသလဲ

No comments:

Post a Comment