Friday, October 28, 2016

မော်လူးဒေသသူတွေ သိထားသင့်လို့ ဖတ်ထားလိုက်ပါ


အစ္စလာမ်ဘာသာဝင် အမျိုးသားကိုမှ ချစ်ခင်စွဲလန်း
နှစ်သက်နေပါတယ် ဆိုသော ဗုဒ္ဓဘာသာဝင်၊ခရစ်
ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင် အမျိုးသမီးများ
ဒီဥပဒေတွေကို သိပါသလား?
" ဘာသာကို စွန့်လွှတ်ရမယ် "
~~~~~~~~~~~~~~
မြန်မာ ဗုဒ္ဓဘာသာအမိုးသမီးများသည် အစ္စလာမ်တရားဥပဒေအရ ကီတာဘီယာများ မဟုတ် သဖြင့် အစ္စလာမ်ဘာသာဝင်ယောက်ျားများနှင့် ယူစေ ခဲ့ကာမူ နည်းလမ်းမကျသော ထိမ်းမြားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် နည်းလမ်းမကျသော ထိမ်းမြားမှုကို နည်းလမ်းကျစေလိုလျှင် သို့မဟုတ် တရားဝင် မယား ဖြစ်လာစေလိုလျှင် အစ္စလာမ်ဘာသာသို့ ကူးပြောင်း ကိုးကွယ်ခြင်းမှတပါး အခြားရွေးချယ်ရန် လမ်းမရှိ တော့ချေ။
မလယ်နှင့် မောင်ကျေး (၂-UBR-၁၈၉၇-၀၁) ၄၉၇ စီရင်ထုံး တရားဝင်လွှဲပြောင်းသူနှင့် မလှထွေး (AIR - ၁၉၂၉ - ရန်ကုန် - ၃၅ )စီရင်ထုံးများတွင် 'ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းပြီး အစ္စလာမ် ဘာသာ ထုံးတမ်းအရ ထိမ်းမြားခြင်း မပြုလျှင် ထိမ်းမြားမှုသည် တရားမဝင် တည်မြဲခိုင်မာ ခြင်းမရှိ' ဟူ၍ ဆုံးဖြတ်ထားသည်။
အကယ်၍ အစ္စလာမ်ဘာသာသို့ ကူးပြောင်း ပြီး မွတ်စလင်တစ်ယောက်နှင့် ထိမ်းမြားသည့် မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ယောက်သည် အစ္စလာမ် ဘာသာကို စွန့်ပစ်ပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုး ကွယ်လျှင် ထိမ်းမြားခြင်းသည် တရားရုံး၏ အမိန့် ဒီကရီမပါဘဲ တွလာဘ်မပေးရဘဲ အလိုလိုပျက် ပြယ်သွားသည် ဟူ၍လည်း မဆိုင်နှင့် ကွိုင်ဒါမွိုင်ဒင် ၈ - LBR ၂၀၆ စီရင်ထုံးများတွင် ဆုံးဖြတ်ထားသည်ကို တွေ့ရပါသည်။
အစ္စလာမ်ဘာသာကို စွန့်ပစ်ခြင်းသည် ထိမ်းမြားခြင်းကို ပျက်ပြယ်စေရန် ရည်ရွယ်၍ ပြုလုပ် သည်ဖြစ်စေ တကယ်တမ်း ဘာသာကူးပြောင်း ရန် ရည်ရွယ်၍ပြုလုပ်သည်ဖြစ်စေ ရည်ရွယ်ချက်သည် အရေးမကြီးပေ။
ဘာသာကူးပြောင်းသည်ဟု ဆိုရာတွင်လည်း အစ္စလာမ်ဘာသာနှင့် ဆန့်ကျင်သည့်စကားများ ပြောဆိုသည်ဖြစ်စေ / အစ္စလာမ်ဘာသာမှ တစ်ပါးသော ဘာသာ၌ ယုံကြည်မူရှိသည့် စကားများကို ပြောဆိုသည်ဖြစ်စေ ဘာသာကူးပြောင်း သည် မည်ပေဟူ၍လည်း ဟူစိန်အဏ္ဏဝါနှင့် ဖာတီမာဘီ (SJ - ၃၆၈ ) စီရင်ထုံးတွင် ဆုံးဖြတ်ထား ပါသည်။
ဤစီရင်ထုံးများကို ချုပ်၍ သုံးသပ်ကြည့်လျှင် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ဦးသည် အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးနှင့် တရားဝင်ထိမ်းမြားလိုလျှင် အစ္စလာမ်ဘာသာသို့ ကူးပြောင်းရမည်ပင်ဖြစ်သည်။
ဘာသာကူးပြောင်း လက်ထပ်ပြီးမှ ဗုဒ္ဓဘာသာအဖြစ် ပြန်လည်ကူးပြောင်းလျှင်လည်း လက်ထပ်ခြင်း ပျက်ပြယ်သွားပေသည်။
ထို့ပြင် အစ္ဖလာမ်ဘာသာဝင် တစ်ဦး၏ အမွေကို အစ္စလာမ်ဘာသာဝင်တစ်ဦးကသာ လက်ခံနိုင်သည်။ အစ္စလာမ်ဘာသာဝင် မဟုတ်သူများ က ဆက်ခံခွင့်မရှိသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုး သမီးတစ်ဦးသည် အစ္စလာမ်ဘာသာဝင် ယောက်ျား တစ်ဦးနှင့် ပေါင်းသင်းစေကာမူ ဘာသာ ကူးပြောင်းမှု မရှိလျှင် တရားမဝင်သဖြင့် မည်သည့် အခွင့်အရေးမျှ မရနိုင်ပေ။
မွေးဖွားလာသော သားသမီးများမှာလည်း တရား မဝင် သားသမီးများသာ ဖြစ်ပေသည်။ အမျိုးသမီးက ဘာသာကူးပြောင်းပြီး လက်ထပ်ခဲ့သဖြင့် တရားဝင်
ဖြစ်စေကာမူ မွေးဖွားလာသော သားသမီးများသည် အစၥလာမ္ဘာသာ မကုိးကြယ္ပါက အစၥလာမ္ဘာသာ ဝင် တစ်ဦး၏အမွေကို မရရှိနိုင်တော့ပေ။
မူရင်း - ဦးအေးချို(မဟာဝိဇ္ဇာ) စာအုပ်မှ ကူးယူဝေမျှသည်။
ကပ္ပိယဖိုးတေ

No comments:

Post a Comment