Monday, March 6, 2017

ဘဝတစ်ခုကို ပုံဖော်နည်း

ဘဝတစ်ခုကို ပုံဖော်နည်း
===============

လူသားတိုင်းသည် လူရယ်လို့ဖြစ်လာပီဆိုတာနဲ့ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ပုံဖော်တတ်ဖို့ လိုပါတယ်။

ဘဝတစ်ခုကို ပုံဖော်ထုဆစ်ရာမှာ ပန်းပုဆရာတစ်ယောက်လို
ယမင်းရုပ် ထုမှာ လား...?
ဘီလူးရုပ် ထုမှာလား...?ဆိုတာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ထုဆစ်ပုံဖော်ရာမှာ....

၁)စေတနာထားပါ

၂)မိဘကျေးဇူးကို သိတတ်ပါ

၃)တတ်နိုင်သလောက် အခြားသူများကို ကူညီပါ

၎)လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးလုပ်ပါ

၅)ဘုရားတရား ကိုးကွယ်ယုံကြည်ပါ

၆)ကိုယ့်လုပ်ငန်းကို ကိုယ်ချစ်ပါ

၇)ရိုးသားကြိုးစားပါ

၈)အတတ်ပညာတစ်ခုခုကိုတတ်ကျွမ်းအောင် သင်ယူပါ

၉)အသိပညာတိုးပွားအောင် စာများများဖတ်ပါ

၁ဝ)အတတ်နိုင်ဆုံး ကိုယ့်ကြောင့် မည်သူကိုမှ မထိခိုက်အောင် ကြိုးစားနေထိုင်ပါ။

၁၁)ကျေးဇူးရှိခဲ့သူများကို အတတ်နိုင်ဆုံး ပြန်လည်ပေးဆပ်ပါ

၁၂)သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာတို့ကို လေးစားတန်ဖိုးထားပါ

၁၃)စည်းကမ်းရှိပါ

၁၄)ကိုယ့်စိတ်ကိုတတ်နိုင်သမျှ နိုင်နင်းအောင်ကြိုးစားပါ

၁၅)အမှန်တရားကို လိမ္မာပါးနပ်စွာ ကိုးကွယ်ပါ

၁၆)လူမှူဆက်ဆံရေးကို ကျွမ်းကျင်အောင်ကြိုးစားပါ

၁၇)ပါးစပ်နုတ်ထွက်စကားကို သတိထားပြောဆိုပါ

၁၈)အတတ်နိုင်ဆုံး သည်းခံစိတ်မွေးပါ

၁၉)မာန်မာနကို ထားသင့်တဲ့နေရာမှာပဲ ထားပါ

၂၀)အများကောင်းကျိုးကို တတ်နိုင်သလောက် ကြိုးပမ်းပါ

၂၁)အလှူ အတန်းများများလုပ်ပါ

လူသားတိုင်းလိုလိုသည် ကိုယ့်စိတ်စေတနာနဲ့ ထိုက်တန်သော ဘဝကို
ပိုင်ဆိုင်ကြရပြီး စေတနာသည် "ကံ"ဖြစ်၍ စိတ်ဓာတ်သည် ချောမွေ့စေရန်
ပေါင်းကူးတံတားဖြစ်နေသည်။

စေတနာကောင်းပြီး စိတ်ဓာတ်ကောင်းရင် သင့် ဘဝသည်
ကံ ကောင်းပြီး အမြင့်ကိုမြန်မြန်ရောက်ပါလိမ့်မယ်။
ကြိုးစားမှူသည် လှေကားဖြစ်၍ မိဘကျေးဇူးဆပ်ခြင်းသည် အဆိုးတွေကို
ရှောင်ဖယ်ပြီး "လာဘ် "ဆိုသော ကောင်းကျိုးများက ကြိုးစားရင်
ကြိုးစားသလောက် "ဆေးစက်ကျရာ အရာထင်"စေမှာ ဖြစ်ပါတယ်။

ဘုရားတရားကိုးကွယ် ယုံကြည်အားထုတ်ခြင်းက သံသရာခရီးကို
ချောမွေ့စေပြီး အများကောင်းကျိုးကို ထမ်းဆောင်ခြင်းက
ကိုယ်လုပ်နေတဲ့ လုပ်ငန်းအခက်အခဲများကို ချောမွေ့စေကာ
ကုန်းထိပ်က လိမ့်ဆင်းလာသော ကား လို ဘဝတိုးတက်မြင့်မားရေးကို
မြန်ဆန်လာစေခဲ့ပါတယ်။

ဘဝတွေမြင့်မားလာသည်နှင့်အမျှ အတွေးအခေါ်ဆိုသော ဗဟုသုတ
ပြည့်စုံမှူတွေကြောင့် အရှိန်မြန်မြန်မောင်းနှင်နေတဲ့ကားကို "သတိ"
ဆိုတဲ့ ဘရိတ်က ဘဝ မမေ့ဘဲ ဘဝင်မမြင့်အောင် ထိမ်းသိမ်း
ပေးပါလိမ့်မယ် ။

အလှူ ကို စေတနာသန့်သန့်ုဖြင့် လှူ တတ်ခြင်းဖြင့် ကိုယ်ပိုင်ဆိုင်
ထားသော ပစ္စည်းဥစ္စာများ အကြောင်းအမျိုးမျိုးကြောင့် မပျက်စီး
မဆုံးရူံးစေဘဲ တစ်သက်တာ တည်မြဲနေပါလိမ့်မယ်။

ကျေးဇူးရှိသူများကို ကျေးဇူးသိတတ်ခြင်းကြောင့် ကိုယ့်ကိုကျေးဇူးကန်း
မည့်သူများနဲ့ ဝေးကွာစေပြီး လက်အောက်ငယ်သားများရဲ့ ရိုသေလေးစား
ခြင်းကို ခံရပြီး စည်းကမ်းရှိခြင်းကြောင့် ပိုင်ဆိုင်မှူများလည်း တိုးသထက်
တိုးလာစရာပဲ ရှိပါလိမ့်​မယ်။

ကိုယ့်ထက်နိမ့်ပါးသူများကို ပေးကမ်းကူညီခြင်းဖြင့် လူချစ်လူခင်ပေါများပြီး ကံကြမ္မာ ဆိုးများက ကိုယ်နဲ့အဝေးဆုံးကိုထွက်ပြေးသွားပါလိမ့်မယ်။

လူသားတိုင်း ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ယမင်းရုပ်လေးဖြစ်လာ
အောင် ပုံဖော်ထုဆစ်နိုင်ပြီး ပြည့်စုံအေးချမ်းသော ၊လှပသောဘဝကို
ပိုင်ဆိုင်နိုင်ကြပါစေ။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး

No comments:

Post a Comment