Wednesday, August 28, 2013

မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ



မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
မိုးညှင်း၊ သြဂုတ် ၂၈

@@@@@@@@@@@@@@@@@@@@@@

 

ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် သြဂုတ် ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ၂၀၁၂/၂၀၁၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လေးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နွယ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးဆောင် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဆုရကျောင်းသူကျောင်းသားများနှင့် ယင်းတို့၏ မိဘများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးမှ  ကျောင်းသား/သူများအား ပညာရေးကို ဆက်လက်ကြိုးစားကြရန်၊ မိဘများမှလည်း သားသမီးများ၏ ပညာရေးကို အားပေးကြရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး စာပေကို ချစ်မြတ်နိုးတတ်သည့် ကျောင်းသား/သူများ ဖြစ်လာကြစေရန်အတွက် ကျောင်းစာကြည့်တိုက်ကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် မိဘများဘက်မှ ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြရန်၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ကျောင်းဝင်းလုံခြုံမှုရှိစေရန် ၀င်းခြံများကိုလည်း စနစ်တကျ ကာရံပေးကြစေလိုကြောင်း အစရှိသဖြင့် ပညာသင်ကြားရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို မိဘများနှင့် ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မိဘဆရာအသင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ထို့နောက် ကွန်ပျူတာနှင့် ကျောင်းသုံးဆက်စပ်ပစ္စည်းများကို အလှူရှင်အသီးသီးမှ ကျောင်းသို့ ပေးအပ်လှူဒါန်းကာ ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသား/သူလေးများ၏ အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

Mawlu media


1 comment: