Wednesday, August 28, 2013

ဆားမှော်ရွာတွင် သောက်သုံးရေ လုံလောက်စွာ ရရှိရန်လိုအပ်

ဆားမှော်ရွာတွင် သောက်သုံးရေ လုံလောက်စွာ ရရှိရန်လိုအပ်
မော်လူး၊ သြဂုတ် ၂၈
@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဟောင်းတုန်းအုပ်စု၊ ဆားမှော်ကျေးရွာတွင် ဆောင်းရာသီနှောင်းပိုင်းနှင့် နွေရာသီတို့တွင် ရေရှားပါးပြီး သောက်သုံးရေအခက်အခဲရှိနေကြောင်း သိရသည်။
ဆားမှော်ကျေးရွာသည် မိုးရာသီနှင့် ဆောင်းရာသီအစောပိုင်းအထိသာ သောက်သုံးရေ ပြည့်ပြည့်၀၀ သုံးစွဲနိုင်ပြီး နွေရာသီသို့ ရောက်ခဲ့ပြီဆိုလျှင် နှစ်စဉ်နှစ်တိုင်း သောက်သုံးရေရှာပါးမှုကို ကြုံတွေ့နေရကြောင်း၊ ဆားမှော်ရွာရှိ အိမ်ခြေ ၇၀ ခန့်သည် ရွာ၏မြောက်ဘက် ပေ ၄၀၀၀ ခန့်ကွာဝေးသည့် အမြင့် ၅၅ ပေရှိ နန့်ခွန်းခမ်း စိမ့်စမ်းရေထွက်ရှိရာနေရာမှ ငွေကြေးမတတ်နိုင်သဖြင့် ၁ လက်မရေပိုက်လေးဖြင့်သာ သွယ်ယူ၍ သုံးစွဲနေရသည့်အတွက် သောက်သုံးရေ လုံလောက်မှုမရှိသဖြင့် သက်ဆိုင်သည့် ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးစေလိုကြောင်း ဆားမှော်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရွာသူ/သားများမှ ပြောကြားခဲ့ကြောင်း သိရသည်။


mawlu media

No comments:

Post a Comment